Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 14:43 - Judson Bible in Zawgyi Version

43 ရှော​လု​က​လည်း၊ သင်​ပြု​သော​အ​မှု​ကို​ပြော​လော့​ဟု ယော​န​သန်​အား​ဆို​လျှင်၊ ယော​န​သန်​က၊ အ​ကျွန်ုပ်​ကိုင်​သော လှံ​ဖျား​နှင့် ပျား​ရည်​အ​နည်း​ငယ်​ကို ယူ၍ မြည်း​စမ်း​မိ​ပါ​ပြီ။ ထို​အ​မှု​ကြောင့်​သာ သေ​ရ​ပါ​မည်​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

43 ထိုအခါ ရှောလု​မင်းကြီး​က ယောနသန်​အား “​သင်​မည်သို့​ပြု​မိ​သနည်း​။ ငါ့​အား​ပြောပြ​လော့​”​ဟု ဆို​သော် ယောနသန်​က “​စင်စစ် အကျွန်ုပ်​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ဖြင့် ပျားရည်​အနည်းငယ်​ကို ယူ​၍​စား​မိ​ပါ​ပြီ​။ ထို့ကြောင့် ယခု အကျွန်ုပ်​ကို​သေဒဏ်​ပေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

43 ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 14:43
4 ပူးပေါင်းရင်းမြစ်များ  

ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊


သို့​ရာ​တွင် ခ​မည်း​တော်​သည် လူ​များ​တို့​အား အ​ကျိန်​ပေး​သည်​ကို ယော​န​သန်​မ​ကြား​သော​ကြောင့်၊ မိ​မိ​ကိုင်​သော လှံ​တံ​ဖျား​ကို ပျား​လ​ပို့၌​နှစ်၍ မိ​မိ​လက်​နှင့် ယူ​စား​သ​ဖြင့် မျက်​စိ​ကြည်​လင်​လေ၏။


ရှော​လု​က​လည်း၊ ငါ​နှင့်​ငါ့​သား ယော​န​သန်​အ​ဖို့ စာ​ရေး​တံ​ပြု​လော့​ဟု ဆို​သ​ဖြင့်၊ ယော​န​သန်​ကို မှတ်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ