၁ ဓမ္မရာဇဝင် 14:36 - Judson Bible in Zawgyi Version36 တစ်ဖန် ရှောလုက၊ ညအခါ ငါတို့သည် ဖိလိတ္တိလူတို့ကိုလိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေဘဲ၊ မိုးလင်းသည်တိုင်အောင် ဖျက်ဆီးကြကုန်အံ့ဟုစီရင်၍၊ လူများတို့က စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါဟု ဝန်ခံကြသော်၊ ယဇ်ပုရောဟိတ်က၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြကုန်အံ့ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်36 ရှောလုမင်းကြီးက “ယခုည ဖိလိတ္တိလူမျိုးတို့ထံသွား၍ နံနက်မိုးလင်းသည့်တိုင်အောင် တိုက်ခိုက်သိမ်းယူကြစို့။ တစ်ယောက်မျှ အသက်ရှင်ကျန်ရစ်သူ မရှိစေနှင့်”ဟုဆိုလျှင် သူတို့က “အရှင် အလိုရှိသည့်အတိုင်း ပြုတော်မူပါ”ဟု ပြန်လျှောက်ကြ၏။ သို့သော် ယဇ်ပုရောဟိတ်က “ဦးစွာ ထာဝရဘုရားထံဆည်းကပ်ကြစို့”ဟု သူတို့အား ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version36 ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။ သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုသူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက်မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
နက်ဖြန်နေ့၌ ရှောလုသည် လူတို့ကိုသုံးတပ်ခွဲပြီးမှ၊ နံနက်ယံအချိန်၌ ရန်သူအလုံးအရင်းထဲသို့ဝင်၍ နေပူချိန်တိုင်အောင် အမ္မုန်အမျိုးသားတို့ကို လုပ်ကြံသဖြင့်၊ ကျန်ကြွင်းသောသူ တစ်ယောက်နှင့် တစ်ယောက်ပေါင်း၍ မနေရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြားလျက်ရှိကြ၏။