Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 14:32 - Judson Bible in Zawgyi Version

32 ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍၊ သိုး၊ နွား၊ နွား​သ​ငယ်​တို့​ကို မြေ​ပေါ်​မှာ​သတ်​ပြီး​လျှင် အ​သွေး​နှင့်​တ​ကွ စား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 ထို့ကြောင့် သူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ရှိ​ရာ​သို့ တစ်ဟုန်ထိုး​ပြေးသွား​၍ သိုး​နွား​များ​၊ နွားသူငယ်​များ​ကို မြေ​ပေါ်တွင်​သတ်​ပြီးလျှင် အသွေး​ပါ စား​မိ​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 14:32
11 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။


သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် အ​သွေး​နှင့်​တ​ကွ အ​မဲ​သား​ကို​စား​လျက်၊ ရုပ်​တု​တို့​ကို ဖူး​မြော်​လျက်၊ လူ​အ​သက်​ကို​လည်း သတ်​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။


အ​သွေး​ပါ​သော အ​သေ​ကောင်​ကို မ​စား​ရ။ မ​ကောင်း​သော အ​တတ်​ကို​မ​ပြု​စု​ရ။ ကာ​လ​ဗေ​ဒင်​ကို မ​ကြည့်​ရ။


သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ နေ​လေ​ရာ​ရာ၌ ဆီ​ဥ​ကို​မ​စား​ရ၊ အ​သွေး​ကို​မ​စား​ရ​ဟု ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-


လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း ကြဉ်​ရှောင်​ရ​မည်​ဟူ​သော ပ​ညတ်​မှ​တ​ပါး အ​ခြား​သော​ဝန် သင်​တို့၏​အ​ပေါ်၌ တင်​ခြင်း​ငှာ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ငါ​တို့​သည် အ​လို​မ​ရှိ။ ထို​အ​ရာ​များ​ကို ကြဉ်​ရှောင်​အပ်၏။ ကျန်း​မာ​ကြ​ပါ​စေ​သော​ဟု ရေး၍ ပေး​လိုက်​သ​တည်း။


သို့​ရာ​တွင် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။


သို့​ဖြစ်၍ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဤ​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့်​ပြု​ဘိ​သ​နည်း​ဟု ပြော​ဆို​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ