Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 14:24 - Judson Bible in Zawgyi Version

24 ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဥ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 14:24
19 ပူးပေါင်းရင်းမြစ်များ  

ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။


အ​ဓ​မ္မ​လူ​သည် မိ​မိ​နှုတ်​ဖြင့် မိ​မိ​အိမ်​နီး​ချင်း​ကို​ဖျက်​တတ်၏။ တ​ရား​သော​သူ​မူ​ကား၊ ပ​ညာ​အ​တတ်​အား​ဖြင့် အ​မှု​လွတ်​တတ်၏။


လူ​ကို​ပင် ကျိန်​ဆို၍​ပူ​ဇော်​လျှင်၊ နောက်​တစ်​ဖန်​မ​ရွေး​ရ၊ သတ်​ရ​မည်။


တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊


ဣ​သ​ရေ​လ​အ​မျိုး​က​လည်း၊ ကိုယ်​တော်​သည်​ဤ​လူ​မျိုး​ကို အ​ကျွန်ုပ်​တို့​လက်​သို့ အပ်​တော်​မူ​လျှင်၊ သူ​တို့​မြို့​များ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​လေ၏။


ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​ပေါင်​ကို​ပိန်​စေ၍ ဝမ်း​ကို​လည်း​ရောင်​စေ​သ​ဖြင့်၊ သင့်​ကို​ကျိန်​အပ်​သော​သူ၊ အ​ထိမ်း​အ​မှတ်​ပြု၍ လူ​များ​ကျိန်​ဆို​ခြင်း​ကို​ခံ​ရ​သော​သူ ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​စေ​သ​တည်း။


ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။-


အ​ကြင်​သူ​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မ​ချစ်၊ ထို​သူ​သည် အ​န​သေ​မာ​ဖြစ်​စေ​သ​တည်း။ သ​ခင်​ဘု​ရား​သည် ကြွ​လာ​တော်​မူ၏။-


ထို​အ​ခါ​ယော​ရှု​က၊ အ​ကြင်​သူ​သည်​ထ၍ ယေ​ရိ​ခေါ​မြို့​ကို တည်​ပြန်၏။ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​အပ်​သော​သူ ဖြစ်​ပါ​စေ။ သူ​သည် သား​ဦး​လက်​ထက်၌ မြို့​ရိုး​အ​မြစ်​ကို​တည်၍ သား​ထွေး​လက်​ထက်၌ မြို့​တံ​ခါး​တို့​ကို​ထောင်​ပါ​စေ​ဟု ကျိန်​ဆို၏။


တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အား​ကြီး​သော​အ​ခါ၊ ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​သော်​လည်း အ​ခွန်​ကို​ဆက်​သွင်း​စေ​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး၌ မင်း​တို့​သည် အ​ဦး​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​သည် စေ​တ​နာ​စိတ်​နှင့် မိ​မိ​ကိုယ်​ကို လှူ​သော​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။


လူ​အ​ပေါင်း​တို့​သည် မြေ​ပေါ်၌ ပျား​ရည်​ရှိ​ရာ​တော​သို့ ရောက်​သ​ဖြင့်၊


ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​သား ယော​န​သန် ဖြစ်​သော်​လည်း၊ ဆက်​ဆက် သေ​ရ​မည်​ဟု​ဆို​သော်၊ အ​ဘယ်​သူ​မျှ ပြန်၍​မ​လျှောက်​ဝံ့။


သင်​တို့​သည် တစ်​ဖန်​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် ရန်​သူ​တို့၌ စိတ်​တော်​ပြေ​မည်​အ​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့၏ အ​ရေ​ဖျား​တစ်​ရာ​မှ​တစ်​ပါး အ​ခြား​သော​လက်​ဖွဲ့​ရာ​ကို အ​လို​တော်​မ​ရှိ​ဟု မှာ​ထား၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​ဖြင့် ဆုံး​စေ​မည်​ဟု ရှော​လု​အ​ကြံ​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ