၁ ဓမ္မရာဇဝင် 12:25 - Judson Bible in Zawgyi Version25 သို့မဟုတ် သင်တို့သည် ဒုစရိုက်ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်ဟု လူများတို့အား ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်25 သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 သို့ရာတွင်သင်တို့သည်အပြစ်ကူးမြဲကူး နေကြပါမူ ဘုရင်နှင့်တကွသင်တို့ဆုံးပါး ပျက်စီးရကြလိမ့်မည်'' ဟုလူတို့အားမိန့်ဆို လေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြုလျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေးတော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တစ်ထောင်ကိုထား၍၊ အခြားသောသူတို့ကို မိမိတို့ အသီးအသီးနေရာအရပ်သို့ လွှတ်လိုက်လေ၏။