၁ ဓမ္မရာဇဝင် 12:12 - Judson Bible in Zawgyi Version12 နောက်တစ်ဖန် အမ္မုန်အမျိုးသား ရှင်ဘုရင်နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အားလျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 သို့ရာတွင်သင်တို့အားအမ္မုန်ဘုရင်နာဟတ် ကတိုက်ခိုက်မည်ပြုသောအခါ သင်တို့သည် ထာဝရဘုရားအားဘုရင်အဖြစ်မှပစ် ပယ်ကာသင်တို့ကိုအုပ်စိုးမည့်ဘုရင်ကို ခန့်ပေးရန်ငါ့ထံတွင်တောင်းဆိုကြ၏။- အခန်းကိုကြည့်ပါ။ |
သင်တို့ကို ဒုက္ခဆင်းရဲ ဘေးဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ဘုရားသခင်ကို ယနေ့ သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါဟု လျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆိုသဖြင့်၊