Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 11:5 - Judson Bible in Zawgyi Version

5 ရှော​လု​သည် နွား​စု​နောက်​သို့​လိုက်​လျက် လယ်​လုပ်​ရာ​မှ ရောက်​လာ​သော​အ​ခါ၊ လူ​တို့​သည် အ​ဘယ်​ကြောင့် ငို​ကြွေး​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယာ​ဗက်​မြို့​သား​တို့၏​သ​တင်း​ကို ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ကြည့်ရှု​လော့​။ ရှောလု​သည် နွား​ကျောင်း​ရာ​လယ်ကွင်း​မှ ပြန်လာ​၏​။ ရှောလု​က “​အဘယ်ကြောင့် လူ​တို့ ငိုကြွေး​ကြ​သနည်း​”​ဟု မေး​လျှင် သူ​တို့​သည် ယာဗက်​မြို့သား​တို့​ပြော​သော​သတင်းစကား​ကို သူ့​အား ပြောပြ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 11:5
6 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် လု​လင်၏​အ​သံ​ကို​ကြား​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က၊ ဟာ​ဂ​ရ၊ သင်၌​အ​ဘယ်​အ​မှု​ရှိ​သ​နည်း။ မ​စိုး​ရိမ်​နှင့်။ လု​လင်​နေ​သော​အ​ရပ်​ထဲ​က သူ၏​အ​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ​ပြီ။


ထို​အ​ရပ်​မှ ဧ​လိ​ယ​သည် သွား​ပြီး​လျှင်၊ နွား​ငါး​ရှဉ်း​နှင့် လယ်​ထွန်​လျက်၊ နောက်​ဆုံး​နွား​ရှဉ်း၌ ကိုယ်​တိုင်​လိုက်​သော ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို​တွေ့၍ အ​နား၌​လျှောက်​စဉ်​တွင်၊ မိ​မိ​ဝတ်​လုံ​ကို သူ့​အ​ပေါ်​မှာ​တင်​လေ၏။


သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို ထိန်း​ခြင်း​အ​မှု​မှ​နုတ်၍၊ မိ​မိ​လူ​တည်း​ဟူ​သော ယာ​ကုပ်​အ​မျိုး​သား၊ အ​မွေ​တော်​တည်း​ဟူ​သော ဣ​သ​ရေ​လ​လူ​တို့​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ၏။


ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ သင့်​တစ်​မြို့​လုံး​သည် အိမ်​မိုး​ပေါ်​သို့​တက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​အ​မှု ရောက်​သ​နည်း။


ကြွေး​ကြော်​သော​အ​ခါ၊ ဒန်​အ​မျိုး​သား​တို့​သည် လှည့်​ကြည့်​လျက် သင်​သည် အ​ဘယ်​အ​ခင်း​ရှိ၍ လူ​အ​ပေါင်း​တို့​နှင့် လိုက်​လာ​သ​နည်း​ဟု မိ​က္ခာ​အား​မေး​သော်၊


ဗင်္ယာ​မိန်​အ​မျိုး​သား အာ​ဖိ၊ ဗေ​ခေါ​ရတ်၊ ဇေ​ရော်၊ အ​ဗျေ​လ​မှ ဆင်း​သက်၍ ကိ​ရှ​အ​မည်​ရှိ​သော ဗင်္ယာ​မိန်​အ​မျိုး​သား​တစ်​ယောက် ရှိ၏။ သူ​သည်​အ​လွန် ခွန်​အား​ကြီး​သော​သူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ