Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 11:2 - Judson Bible in Zawgyi Version

2 အ​မ္မုန်​အ​မျိုး​သား နာ​ဟတ်​က၊ သင်​တို့၌ လက်​ယာ​မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်၍ ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး၌ ငါ​ကဲ့​ရဲ့​ရ​သော​အ​ခွင့်​ကို ပေး​မှ​သာ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်​ဟု ပြန်​ပြော​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 သို့သော် အမ္မုန်​လူမျိုး​နာဟတ်​က သူ​တို့​အား “​သင်​တို့​အားလုံး​၏​ညာ​ဘက်​မျက်လုံး​ကို ဖောက်ထုတ်​ပြီး အစ္စရေး​တစ်မျိုးသားလုံး​ကို ကဲ့ရဲ့ရှုတ်ချ​ရ​မှသာ သင်​တို့​နှင့် ငါ​မဟာမိတ်​ဖွဲ့​မည်​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 11:2
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​တို့​နှ​မ​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​အား မ​ပေး​စား​နိုင်​ပါ။ ပေး​စား​လျှင်၊ ကဲ့​ရဲ့​ဖွယ်​သော​အ​ကြောင်း​ဖြစ်​ပါ၏။


ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။


အ​ကျွန်ုပ်​တို့​ကို အိမ်​နီး​ချင်း​များ​ကဲ့​ရဲ့​ရာ ပတ်​ဝန်း​ကျင်၌​နေ​သော​သူ​များ ပြက်​ရယ်​ပြု၍၊ အ​ရှက်​ခွဲ​ရာ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ၏။


ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။


ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​တိ​ရ​စ္ဆာန်​အ​သက်​ကို နှ​မြော​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ က​ရု​ဏာ​အ​ရာ၌​ပင် ကြမ်း​ကြုတ်​တတ်၏။


ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​လေ၏။


ထို​မှ​တစ်​ပါး နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ ငါ​တို့​ကို​မ​ဆောင်၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ပေး​ဘဲ၊ ဤ​လူ​တို့၏​မျက်​စိ​ကို ဖောက်​ချင်​သ​လော။ ငါ​တို့​သည် သင့်​ထံ​သို့​မ​လာ​ဟု ပြန်​ဆို၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။


အ​ကျွန်ုပ်​တို့​သည် နက်​ဖြန်​နေ့၌ ကိုယ်​တော်​ထံ​သို့ ထွက်​ပါ​မည်။ ကိုယ်​တော်​အ​လို​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ​ပါ​ဟု နာ​ဟတ်​မင်း​အား​လျှောက်​ကြ၏။


နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား ရှင်​ဘု​ရင်​နာ​ဟတ်​သည် စစ်​ချီ​မည်​အ​ကြောင်း​ကို သိ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် အ​ရင်​ကဲ့​သို့​မ​ဟုတ်၊ ရှင်​ဘု​ရင်​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​မည်​ဟု သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင် လုပ်​လျက်​ပင် ငါ့​အား​လျှောက်​ထား​ကြ၏။


ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ