၁ ဓမ္မရာဇဝင် 10:22 - Judson Bible in Zawgyi Version22 ထိုသူသည် လာရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ လှည်းများ အစရှိသည်တို့၌ ပုန်း၍နေသည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်22 ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version22 လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက် ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့ တစ်စုံတစ်မြို့သို့ သွားရပါမည်လောဟု ထာဝရဘုရားထံတော်၌ မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့ဟုမိန့်တော်မူ၏။ ဒါဝိဒ်ကလည်း အဘယ်မြို့သို့ သွားရပါမည်နည်းဟု မေးလျှောက်သော်၊ ဟေဗြုန်မြို့သို့သွားလော့ဟု မိန့်တော်မူသည်အတိုင်း၊
ထိုသူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက်မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန်အမျိုးသားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုးအပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည်မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အားအဘယ်ကြောင့် ဤသို့ပြောပါသနည်းဟု လျှောက်လေ၏။