Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 10:20 - Judson Bible in Zawgyi Version

20 အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို ချဉ်း​ကပ်​စေ​ပြီး​မှ၊ ဗင်္ယာ​မိန်​အ​မျိုး​ကို မှတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ရှမွေလ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ကို သူ့​ထံ​လာ​စေ​ပြီး မဲချ​ရာ ဗင်္ယာမိန်​အမျိုးအနွယ်​မဲကျ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 10:20
9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် အာ​ဗ​နာ​သည် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို​လည်း သွေး​ဆောင်​လေ၏၊ နောက်​တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး အ​လို​ရှိ​သ​မျှ​အ​ရာ၊ ဗင်္ယာ​မိန်​အ​မျိုး​တ​ညီ​တ​ညွတ်​တည်း အ​လို​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​အား ပြန်​လျှောက်​ခြင်း​ငှာ​သွား၍၊


နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။


ဗင်္ယာ​မိန်​အ​မျိုး​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် အ​ထံ​တော်​ပါး​တွင် လုံ​ခြုံ​စွာ​နေ​ရ​လိမ့်​မည်။ သူ့​ကို အ​စဉ်​အ​မြဲ​ဖုံး​လွှမ်း၍ သူ၏​ပ​ခုံး​ကြား​မှာ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။


သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊


ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​အ​လိုက် ချည်း​ကပ်​စေ​ပြီး​မှ၊ မာ​တ​ရိ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ ကိ​ရှ၏​သား ရှော​လု​ကို​လည်း​ကောင်း မှတ်​တော်​မူ​သ​ဖြင့် သူ့​ကို​ရှာ၍​မ​တွေ့​ကြ။


ရှော​လု​က​လည်း၊ လူ​တို့​တွင် အ​ရာ​ရှိ​အ​ပေါင်း​တို့၊ ယ​နေ့ အ​ဘယ်​သူ​ပြစ်​မှား​မိ​သည်​ကို သိ​မြင်​အံ့​သော​ငှာ ချဉ်း၍​လာ​ကြ​လော့။


ရှော​လု​က၊ ဖြောင့်​မတ်​စွာ စီ​ရင်​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​သ​ဖြင့်၊ လူ​များ​တို့​သည်​လွတ်​ကြ၍၊ ရှော​လု​နှင့် ယော​န​သန်​ကို မှတ်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ