Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 10:16 - Judson Bible in Zawgyi Version

16 မြည်း​တို့​ကို​တွေ့​ပြီ​ဟု ရှ​မွေ​လ​သည် အ​တပ်​ပြော​ကြောင်း​ကို​သာ ရှော​လု​သည် ဘ​ထွေး​အား​ပြန်​ပြော၍၊ ရှ​မွေ​လ​ပြော​သော နိုင်​ငံ​အ​မှု​အ​ရေး​ကို ဘ​ထွေး​အား​မ​ကြား​မ​ပြော​ဘဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ရှောလု​က​လည်း သူ့​ဘထွေး​အား “​မြည်း​တို့​ကို​ပြန်တွေ့​ပြီ​ဟု အကျွန်ုပ်​တို့​အား တပ်အပ်​ပြောပြ​ခဲ့​ပါ​သည်​”​ဟု​သာ ပြောပြ​ပြီး ဘုရင့်​အရိုက်အရာ​နှင့်​ပတ်သက်၍ ရှမွေလ​ပြော​သော​အကြောင်းအရာ​ကို​မူ မ​ပြောပြ​ဘဲ​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 10:16
9 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။


ပ​ညာ​သ​တိ​ရှိ​သော​သူ​သည် မိ​မိ​သိ​သော​အ​ရာ​ကို​ပင် ထိမ်​ဝှက်​တတ်၏။ မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​အ​လို​အ​လျောက် မိုက်​သော​သ​ဘော​ကို ထင်​ရှား​ပြ​တတ်၏။


မိုက်​သော​သူ​သည် မိ​မိ​ကြံ​စည်​သ​မျှ​ကို ဖော်​ပြ​တတ်၏။ ပ​ညာ​ရှိ​သော​သူ​မူ​ကား၊ အ​ဆင်​မ​သင့်​မီ ထိမ်​ဝှက်​တတ်၏။


အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။


ထို​အ​ခါ ရှံ​ဆုန်​လက်၌ တစ်​စုံ​တစ်​ခု​မျှ မ​ပါ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဆိတ်​သ​ငယ်​ကို ဆွဲ​ဖြတ်​သ​ကဲ့​သို့ ထို​ခြင်္သေ့​ကို ဆွဲ​ဖြတ်၏။ သို့​ရာ​တွင် မိ​မိ​ပြု​သော​အ​မှု​ကို မိ​ဘ​တို့​အား မ​ကြား​မ​ပြော​ဘဲ နေ၏။


နှိုက်​ယူ၍​စား​လျက် ခ​ရီး​သွား​လေ၏။ မိ​ဘ​ထံ​သို့​ရောက်​သော် ပေး၍ သူ​တို့​သည်​လည်း စား​ကြ၏။ သို့​ရာ​တွင် ထို​ပျား​ရည်​ကို ခြင်္သေ့​အ​ကောင်​ထဲ​က နှိုက်​ယူ​ကြောင်း​ကို မ​ကြား​မ​ပြော​ဘဲ နေ၏။


ဘ​ထွေး​က​လည်း၊ ရှ​မွေ​လ​သည် အ​ဘယ်​သို့​ပြော​သ​နည်း။ ငါ့​အား ပြန်​ပြော​ပါ​ဟု တောင်း​ပန်​သော်၊


တ​မြန်​နေ့​က​ပျောက်​သော သင်၏​မြည်း​တို့​ကို မ​အောက်​မေ့​နှင့် တွေ့​လျက်​ရှိ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ဘယ်​သူ​ကို အ​လို​ရှိ​သ​နည်း။ သင်​နှင့် သင်၏​အ​ဆွေ​အ​မျိုး​အ​ပေါင်း​ကို အ​လို​ရှိ​သည်​မ​ဟုတ်​လော​ဟု ရှော​လု​အား​ပြော​ဆို၏။


မြို့​စွန်း​သို့ ရောက်​သော​အ​ခါ ရှ​မွေ​လ​က၊ သင်၏​ငယ်​သား​ကို ရှေ့​သို့​သွား​စေ​ခြင်း​ငှာ​ပြော​တော့​ဟု ရှော​လု​အား​ဆို​သ​ဖြင့်၊ ငယ်​သား​သည် ရှေ့​သို့​သွား​လေ၏။ ရှ​မွေ​လ​က​လည်း ရပ်​နေ​တော့။ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငါ​ပြန်​မည်​ဟု​ဆို​လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ