Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 1:28 - Judson Bible in Zawgyi Version

28 ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

28 ထို့ကြောင့် ယခု အကျွန်ုပ်​သည် ဤ​သူငယ်​ကို ထာဝရဘုရား​ထံ ဆက်ကပ်​ပါ​၏​။ သူ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ့​ကို ထာဝရဘုရား​ထံ အပ်နှံ​ပါ​ပြီ​”​ဟု ဆို​ပြီး ထို​နေရာ​တွင် ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

28 သို့​ဖြစ်​၍​ကျွန်​မ​သည်​သူ့​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​ကပ်​အပ်​နှင်း​ပါ​၏။ သူ​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား အား​အပ်​နှင်း​ပါ​၏'' ဟု​လျှောက်​ထား​၏။ ထို​နောက်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 1:28
12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယောက်ျား​သည် ဦး​ညွှတ်​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လျက်၊


ဦး​ညွှတ်​ချ၍၊ ကျွန်ုပ်​သ​ခင်​အစ်​ကို၏​မြေး​ကို သ​ခင်၏​သား​ဖို့​ယူ​စေ​ခြင်း​ငှာ၊ မှန်​သော​လမ်း​ဖြင့်​ပို့​ဆောင်​တော်​မူ​သော ကျွန်ုပ်​သ​ခင်​အာ​ဗြ​ဟံ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၍ ကိုး​ကွယ်​လေ၏။


ထို​စ​ကား​ကို​ကြား​လျှင်၊ အာ​ဗြ​ဟံ​ကျွန်​သည် ဦး​ညွှတ်​ချ၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ပြီး​မှ၊


ငါ့​သား​အ​ဘယ်​သို့​နည်း။ ငါ​ဖွား​သော​သား၊ အ​ဘယ်​သို့​နည်း။ ငါ၏​သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​သား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊


ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။


ထို​အိပ်​မက်​နှင့် အိပ်​မက်​အ​နက်​ကို ဂိ​ဒေါင်​သည်​ကြား​သော​အ​ခါ၊ ကိုး​ကွယ်၍ ဣ​သ​ရေ​လ​တပ်​သို့ ပြန်​ပြီး​လျှင်၊ ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​ဒျန်​ဗိုလ်​ခြေ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။


အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။


ဟ​န္န​က၊ နို့​နှင့်​ကွာ​ပြီး​မှ သူ​ငယ်​ကို ဆောင်​သွား​ပါ​မည်။ ထို​အ​ခါ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ရောက်၍ အ​မြဲ​နေ​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊


ထို​နောက်​မှ၊ ဧ​လ​ကာ​န​သည် ရာ​မ​မြို့၌​ရှိ​သော မိ​မိ​အိမ်​သို့​သွား၍၊ သူ​ငယ်​သည် ယဇ်​ပု​ရော​ဟိတ် ဧ​လိ​ရှေ့​တွင် အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။


တစ်​ရံ​ရော​အ​ခါ၊ ဧ​လိ​က၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ငှား​ထား​သော သား​အ​တွက်၊ ဤ​မိန်း​မ​တွင် အ​မျိုး​အ​နွယ်​ကို ပေး​တော်​မူ​ပါ​စေ​သော​ဟု ဧ​လ​ကာ​န​လင်​မ​ယား​ကို ကောင်း​ချီး​ပေး၏။ ထို​သူ​တို့​သည် နေ​ရာ​အိမ်​သို့ ပြန်​သွား​သော​နောက်၊


ဒါ​ဝိဒ်​က၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​ပြု​နိုင်​သည်​ကို ကိုယ်​တော်​သည် သိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​သော်၊ အာ​ခိတ်​မင်း​က၊ သို့​ဖြစ်၍​သင့်​ကို ငါ့​အ​သက်​စောင့် ဗိုလ်​ချုပ်​အ​ရာ၌ ငါ​ခန့်​ထား​မည်​ဟု​ပြန်​ပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ