Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ပေတရု 4:3 - Judson Bible in Zawgyi Version

3 သာ​သ​နာ​ပ​လူ​တို့၏ အ​လို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ကာ​မ​တပ်​မက်​ခြင်း၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း၊ ပွဲ​လုပ်​ခြင်း၊ သောက်​ကြူး​ခြင်း၊ အ​ဓ​မ္မ​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း၌ ကျင်​လည်၍၊ ငါ​တို့​လွန်​စေ​ပြီး​သော အ​သက်​ကာ​လ​သည် ငါ​တို့​အား လောက်​ပေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 လွန်​ခဲ့​သည့်​ကာ​လ​က​သင်​တို့​သည်​မ​ယုံ ကြည်​သူ​များ​ပြု​ကျင့်​သ​ကဲ့​သို့​အ​တန်​ကြာ စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​ကြ​၏။ မ​ပြု​သင့်​မ​ပြု ထိုက်​သည်​ကို​ပြု​မူ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ သေ​သောက်​ကြူး​ခြင်း၊ ပျော်​ရွှင်​မြူး​တူး​ခြင်း၊ သေ​သောက်​ပွဲ​များ​ကျင်း​ပ​ခြင်း​နှင့်​လွန်​စွာ မ​နှစ်​မြို့​အပ်​သည့်​ရုပ်​တု​ကိုး​ကွယ်​ခြင်း တို့​တွင်​ပါ​ဝင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေတရု 4:3
30 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊


ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော အာ​မော​ရိ​အ​မျိုး​သား ပြု​သ​မျှ​အ​တိုင်း၊ ရုပ်​တု​ဆင်း​တု​ကို​ဆည်း​ကပ်၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု၏။


ထို​စ​ကား​နှင့် ပ​ရော​ဖက်​ဩ​ဒက်၏ အ​နာ​ဂ​တ္တိ​စ​ကား​ကို အာ​သ​မင်း​သည် ကြား​သော​အ​ခါ၊ ရဲ​ရင့်​ခြင်း​သို့​ရောက်၍၊ ယု​ဒ​ပြည်​နှင့် ဗင်္ယာ​မိန်​ပြည် အ​ရပ်​ရပ်​တို့၌​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တိုက်​ယူ​သော မြို့​တို့၌​လည်း​ကောင်း၊ စက်​ဆုပ်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ပယ်​ရှား၍၊ ဗိ​မာန်​တော်​ဦး​ရှေ့​တွင်​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ကို ပြု​ပြင်​လေ၏။


သို့​သော်​လည်း၊ ထို​သူ​တို့​သည် စ​ပျစ်​ရည်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​သည် သေ​ရည်​သေ​ရက်​ကြောင့် မှား​ယွင်း​ကြ​ပြီ။ စ​ပျစ်​ရည်​နှင့် မွှန်​ကြ​ပြီ။ သေ​ရည်​သေ​ရက်​ကြောင့် လမ်း​လွဲ​ကြ​ပြီ။ ဗျာ​ဒိတ်​ခံ​သည်​အ​ရာ၌ မှား​ယွင်း​လျက်၊ တ​ရား​စီ​ရင်​သည်​အ​ရာ၌ ထိ​မိ၍ လဲ​လျက်​နေ​ကြ၏။


သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။


သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။


သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊


သူ​တို့​သည် ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ​အ​မွေ​ခံ​သော​မြေ​ကို သူ​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​သေ​ကောင်​တို့​နှင့် ပြည့်​စေ​သော​ကြောင့်၊ သူ​တို့၌ နှစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်။


ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​မင်း​သား​တို့၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လု​ယူ​ခြင်း​အ​မှု​တို့​ကို ပယ်​ရှား၍၊ တ​ရား​သော​အ​မှု ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​ကြ​လော့။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​ကို မ​ညှဉ်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


သူ့​ဥ​စ္စာ​ကို ခိုး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ လှည့်​စား​ခြင်း၊ ညစ်​ညူး​ခြင်း၊ ငြူ​စူ​ခြင်း၊ သူ့​အ​သ​ရေ​ကို ဖျက်​ခြင်း၊ ထောင်​လွှား​စော်​ကား​ခြင်း၊ လျှပ်​ပေါ်​ခြင်း၊-


ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။-


ပွဲ​လုပ်​ခြင်း၊ ယစ်​မျိုး​သောက်​ကြူး​ခြင်း၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း​အ​မှု​တို့​ကို ကြဉ်​ရှောင်၍၊ နေ့​အ​ချိန်၌​ကဲ့​သို့ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​ဆောင် ပြု​မူ​ကြ​ကုန်​အံ့။-


သင်​တို့​သည် အ​ထက်​က​သာ​သ​နာ​ပ​လူ​ဖြစ်၍၊ သူ​တစ်​ပါး သွေး​ဆောင်​သ​ဖြင့်၊ စ​ကား​မ​ပြော​နိုင်​သော ရုပ်​တု​ရှိ​ရာ​သို့ ပါ​သွား​သော​သူ ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ၏။-


အ​ထက်​က​သင်​တို့​တွင် အ​ချို့​သော​သူ​တို့​သည် ထို​သို့​သော​သူ​ဖြစ်​ကြ​သော်​လည်း၊ ယ​ခု​တွင် သ​ခင်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆေး​ကြော​သန့်​ရှင်း၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​ပြီ။


အ​ထက်​က​ပြစ်​မှား၍ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း​အ​မှု​တို့​ကို ပြု​မိ၍၊ ယ​ခု​တိုင်​အောင် နောင်​တ​မ​ရ​သော​သူ​အ​များ​ကြောင့် ငါ​စိတ်​မ​သာ ညည်း​တွား​ရ​သ​ဖြင့်၊ သင်​တို့​ရှေ့၌ ဘု​ရား​သ​ခင်​သည် ငါ့​ကို​နှိမ့်​ချ​တော်​မူ​မည် ဟူ၍​လည်း​ကောင်း စိုး​ရိမ်​ခြင်း​ရှိ၏။


ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊-


သူ့​အ​ကျိုး​ကို​ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို​သတ်​ခြင်း၊ ယစ်​မျိုး​ကို သောက်​ကြူး​ခြင်း၊ ပွဲ​လုပ်​ခြင်း​မှ​စ၍ ထို​သို့​သော အ​ကျင့်​ပေ​တည်း။ ထို​သို့​သော အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​ကြ​ဟု အ​ထက်​က ငါ​ပြော​နှင့်​ခဲ့​ပြီး​သည်​အ​တိုင်း ယ​ခု​ပင်​လည်း ငါ​ပြော​နှင့်၏။-


လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။-


သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-


အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။-


အ​ထက်​က သင်​တို့​သည် မှောင်​မိုက်​ထဲ​မှာ​ကျင့်​သော တပ်​မက်​ခြင်း​တ​ရား​ကို ယ​ခု​မ​လိုက်​မ​ကျင့်​ဘဲ၊ နား​ထောင်​တတ်​သော သူ​ငယ်​ကဲ့​သို့ ဖြစ်၍၊-


အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ကိ​လေ​သာ၏ ညစ်​ညူး​ခြင်း​အ​လို​ငှာ မှောက်​လှန်​လျက်၊ တစ်​ပါး​တည်း အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​ကို ငြင်း​ပယ်​လျက်၊ အ​ပြစ်​ခံ​စေ​ခြင်း​ငှာ ရှေး​က စီ​ရင်​မှတ်​သား​နှင့်​သော အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် ပ​ရိ​ယာယ်​နှင့် အ​မှတ်​တ​မဲ့​ဝင်​ကြ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ