၁ ပေတရု 3:5 - Judson Bible in Zawgyi Version5-6 ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ဘုရားသခင်ကိုမျှော်လင့်အားထားသော သန့်ရှင်းသည့် ရှေးကာလမှအမျိုးသမီးတို့သည်လည်း ထိုနည်းတူ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြကာ စာရာသည် အာဗြဟံကို သခင်ဟုခေါ်လျက် နာခံသကဲ့သို့ မိမိတို့၏ခင်ပွန်းသည်များကို နာခံခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ ၏စကားကိုနားထောင်ခြင်းအားဖြင့်လှပ အောင်တန်ဆာဆင်ကြ၏။- အခန်းကိုကြည့်ပါ။ |
အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။-