၁ ယောဟန် 1:5 - Judson Bible in Zawgyi Version5 ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ကိုယ်တော်၌အမှောင်လုံးဝမရှိဟူသော တရားစကားကို ငါတို့သည်ကိုယ်တော်၏ သားတော်ထံမှကြားသိရသဖြင့်သင်တို့ အားကြေညာ၏။- အခန်းကိုကြည့်ပါ။ |
သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။ ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်း ဟူမူကား၊ မိမိအကျင့်သည် ဆိုးယုတ်၍၊ ညီ၏အကျင့်သည် ဖြောင့်မတ်သတည်း။