Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 8:11 - Judson Bible in Zawgyi Version

11 ထို​သို့​ဖြစ်​လျှင်၊ အ​ကြင်​ညီ​အစ်​ကို​အ​ဖို့ အ​လို​ငှာ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ၏။ အား​နည်း​သော ထို​ညီ​အစ်​ကို​သည် သင်၏​ဉာဏ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ပါ​သည်​တ​ကား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထိုအခါ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​သော ညီအစ်ကို​ဖြစ်​သည့် ထို​အားနည်း​သော​သူ​သည် သင်​၏​အသိပညာ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 8:11
8 ပူးပေါင်းရင်းမြစ်များ  

မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


သင်၏​ညီ​အစ်​ကို​သည် သင်​စား​သော အ​စာ​ကြောင့် စိတ်​နာ​ရ​လျှင်၊ သင်​သည် မေ​တ္တာ​တ​ရား​ကို မ​ကျင့်။ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ခံ​သော​သူ​ကို သင်၏​အ​စာ​အား​ဖြင့် အ​ကျိုး​မ​နည်း​စေ​နှင့်။-


ခပ်​သိမ်း​သော​လူ​တို့၏ အ​လို​သို့ အ​ရာ​ရာ၌ လိုက်​သည်​နည်း​တူ၊ သင်​တို့​သည်​လည်း ယု​ဒ​လူ၊ ဟေ​လ​သ​လူ၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ဝင်​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း​ကို မ​ပြု​ဘဲ၊


သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။


ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ခြင်း​အ​ရာ​မှာ၊ ရုပ်​တု​သည် ဤ​လော​က၌ အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ကို​လည်း​ကောင်း၊ တစ်​ဆူ​တည်း​သော ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​သိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ