Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 7:12 - Judson Bible in Zawgyi Version

12 ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 (သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 7:12
8 ပူးပေါင်းရင်းမြစ်များ  

စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-


ထို​နည်း​တူ မိန်း​မ​သည်​လည်း၊ မ​ယုံ​ကြည်​သော ခင်​ပွန်း​ရှိ၍၊ ထို​ခင်​ပွန်း​သည် မိ​မိ​မ​ယား​နှင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-


ခင်​ပွန်း​မ​ရှိ​သော​သူ​တို့၏ အ​မှု​မှာ၊ သ​ခင်​ဘု​ရား၏​ပ​ညတ်​တော်​သည် ငါ၌​မ​ရှိ​သော်​လည်း၊ ငါ​သည် သ​စ္စာ​ရှိ​သော​သူ ဖြစ်​အံ့​သော​ငှာ၊ သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​သူ​ကဲ့​သို့ စီ​ရင်၏။-


သင်​သည်​မ​ယား​ရှိ​လျှင် လွတ်​စေ​ခြင်း​ငှာ မ​ကြံ​စည်​နှင့်။ မ​ယား​နှင့်​လွတ်​လျှင် အ​ခြား​သော​မ​ယား​ကို မ​ရှာ​နှင့်။-


သို့​ရာ​တွင် ပ​ညတ်​မ​ထား​ဘဲ အ​ခွင့်​ပေး​ခြင်း​အား​ဖြင့်​သာ ငါ​ဆို၏။-


ဤ​သို့​ငါ​ပြော​သော​စ​ကား​မှာ သ​ခင်​ဘု​ရား၏​နည်း​တူ ငါ​ပြော​သည်​မ​ဟုတ်။ သူ​ရူး​ကဲ့​သို့ ရဲ​ရင့်​စွာ ဝါ​ကြွား​လျက်​ပြော​ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ