၁ ကောရိန်သု 6:19 - Judson Bible in Zawgyi Version19 အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version19 သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
အစားအသောက်တို့သည် ဝမ်းအဖို့၊ ဝမ်းသည်လည်း အစားအသောက်တို့အဖို့ ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန်အဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဖို့ ဖြစ်တော်မူ၏။-
လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့ လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည် ဟူ၍လည်းကောင်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။-
ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင် မိန့်တော်မူသည်ကား၊ သူတို့တွင် ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။-