၁ ကောရိန်သု 3:3 - Judson Bible in Zawgyi Version3 ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။- အခန်းကိုကြည့်ပါ။ |
ငါရောက်လာသောအခါ၊ သင်တို့သည် ငါနှစ်သက်သောသူ မဖြစ်၊ ငါသည်လည်း သင်တို့ မနှစ်သက်သောသူ ဖြစ်မည်ဟူ၍လည်းကောင်း၊ သင်တို့၌ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ ချောစားခြင်း၊ မာနထောင်လွှားခြင်း၊ အချင်းချင်းအမှုလုပ်ခြင်း ဖြစ်မည်ဟူလည်းကောင်း၊-
အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။-