Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 16:19 - Judson Bible in Zawgyi Version

19 အာ​ရှိ​ပြည်၌ အ​သင်း​တော်​များ​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ​တို့​အိမ်၌​ရှိ​သော အ​သင်း​တော်​နှင့်​တ​ကွ၊ သ​ခင်​ဘု​ရား​ကို ထောက်၍ သင်​တို့​ကို များ​စွာ​နှုတ်​ဆက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 အာရှ​ပြည်​ရှိ​အသင်းတော်​များ​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။ အာကုလ​နှင့်​ပြစ်ကိလ​တို့​မှစ၍ သူ​တို့​အိမ်​၌​စုဝေး​သော​အသင်းတော်​သည် သခင်​ဘုရား​၌ သင်​တို့​ကို လှိုက်လှဲ​စွာ​နှုတ်ဆက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 အာ​ရှ​ပြည်​အ​သင်း​တော်​များ​က​သင်​တို့​အား နှုတ်​ဆက်​ကြ​၏။ အာ​ကု​လ၊ ပြစ်​ကိ​လ​နှင့်​သူ​တို့ အိမ်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​အ​သင်း​ဝင် များ​က​လည်း သ​ခင်​ဘု​ရား​၏​နာ​မ​တော်​နှင့် နှုတ်​ဆက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 16:19
13 ပူးပေါင်းရင်းမြစ်များ  

ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊-


ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-


ထို​အ​ခါ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ရော​မ​မြို့​မှ ထွက်​သွား​ရ​မည်​အ​ကြောင်း၊ က​လော​ဒိ​မင်း အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ပု​န္တု​ပြည်​သား အာ​ကု​လ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​သည် ဣ​တ​လိ​ပြည်​မှ​လာ၍၊ မိ​မိ​မ​ယား ပြစ်​ကိ​လ​နှင့်​တ​ကွ မ​ကြာ​မ​မြင့်​မီ ရောက်​လာ​သည်​ကို ပေါ​လု​တွေ့​လျှင် သူ​တို့​ဆီ​သို့​ဝင်၍၊-


ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။-


တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။


ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊-


ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​နှ​မ​နှင့် ဩ​လု​မ္ပ​မှ​စ၍ သူ​တို့​နှင့်​အ​တူ​နေ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ကြ​လော့။-


လော​ဒိ​ကိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ နုံ​ဖ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။


ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ၍ ဩ​နေ​သိ​ဖော်၏ အိမ်​သူ​အိမ်​သား​များ​ကို နှုတ်​ဆက်​လော့။-


ငါ​တို့​ချစ်​သော​နှ​မ အ​ပ္ပိ၊ ငါ​တို့​စစ်​သူ​ရဲ​ချင်း အာ​ခိ​ပ္ပု​မှ​စ၍ သင်၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-


ယေ​ရှု​ခ​ရစ်၏​တ​မန်​တော် ငါ​ပေ​တ​ရု​သည်၊ နား​ထောင်​ခြင်း​ကျေး​ဇူး၊ ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​နှင့် ဖျန်း​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့​ရောက်၍၊ ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​နာ​ဂ​တံ​သ​ဉာဏ်​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော သူ​တည်း​ဟူ​သော၊ ပု​န္တု​ပြည်၊ ဂ​လာ​တိ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ အာ​ရှိ​ပြည်၊ ဗိ​သု​နိ​ပြည်၊ အ​ရပ်​ရပ်​တို့၌ ကွဲ​ပြား​သော ဧည့်​သည်​အာ​ဂ​န္တု​တို့​ကို ကြား​လိုက်​ပါ၏။ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​များ​ပြား​ပါ​စေ​သော။


မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ