Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 16:14 - Judson Bible in Zawgyi Version

14 သင်​တို့​သည် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ချစ်​ခြင်း​မေ​တ္တာ​စိတ်​နှင့် ဆောင်​ရွက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 သင်​တို့​ပြု​သမျှ​သော​အမှု​တို့​ကို ချစ်​ခြင်း​မေတ္တာ​ဖြင့် ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ခပ်​သိမ်း​သော​အ​မှု​တို့​ကို​မေတ္တာ​နှင့်​ပြု​ကြ​လော့။- v

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 16:14
22 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ ဤ​ပ​ညတ်​တို့​ကို ငါ​ပေး၏။


သင်၏​ညီ​အစ်​ကို​သည် သင်​စား​သော အ​စာ​ကြောင့် စိတ်​နာ​ရ​လျှင်၊ သင်​သည် မေ​တ္တာ​တ​ရား​ကို မ​ကျင့်။ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို ခံ​သော​သူ​ကို သင်၏​အ​စာ​အား​ဖြင့် အ​ကျိုး​မ​နည်း​စေ​နှင့်။-


သင်​တို့​သည် အ​မြတ်​ဆုံး​သော ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ သာ၍​မြတ်​သော လမ်း​ကို ငါ​ပြ​ဦး​မည်။


ချစ်​ခြင်း​မေ​တ္တာ​ကို မီ​အောင်​လိုက်​ကြ​လော့။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တို့​ကို အ​လွန်​အ​လို​ရှိ​သည်​တွင်၊ ပ​ရော​ဖက်​ပြု​ရ​သော အ​ခွင့်​ကို သာ၍ လို​ချင်​သော​စိတ် ရှိ​ကြ​လော့။-


ညီ​အစ်​ကို​တို့၊ သ​တေ​ဖန်၏​အိမ်​သူ​အိမ်​သား​တို့​သည် အ​ခါ​ယ​ပြည်​တွင် အ​ဦး​သီး​သော အ​သီး​ဖြစ်၍၊ သန့်​ရှင်း​သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ခြင်း​ငှာ ကိုယ်​ကို​ကိုယ် အပ်​ကြောင်း​ကို သင်​တို့ သိ​ကြ​သည်​နှင့်​အ​ညီ၊-


ရုပ်​တု​ရှေ့၌​ပူ​ဇော်​သော ယဇ်​ကောင်​အ​ရာ​မှာ၊ ငါ​တို့​ရှိ​သ​မျှ​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဉာဏ်​သည် ထောင်​လွှား​စေ​တတ်၏။ မေ​တ္တာ​မူ​ကား တည်​ဆောက်​တတ်၏။-


ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊-


ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့​နှင့်​အ​တူ ကြွ​လာ​တော်​မူ​သော​အ​ခါ။ ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​မှာ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော သင်​တို့၏ စိတ်​နှ​လုံး​ကို ကိုယ်​တော်​သည် သန့်​ရှင်း​ခြင်း​ပါ​ရ​မီ၌ မြဲ​မြံ​ခိုင်​ခံ့​စိမ့်​သော​ငှာ ငါ​တို့​သည် သင်​တို့​ကို ချစ်​သ​ကဲ့​သို့ သင်​တို့​သည် အ​ချင်း​ချင်း​ကို​လည်း​ကောင်း၊ သူ​တစ်​ပါး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ချစ်၍၊ ချစ်​ခြင်း​မေ​တ္တာ​နှင့် အ​ထူး​သ​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း သ​ခင်​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။


ယ​ခု​မူ​ကား၊ တိ​မော​သေ​သည် သင်​တို့​ထံ​က ပြန်​လာ၍၊ သင်​တို့၏ ယုံ​ကြည်​ခြင်း​နှင့် ချစ်​ခြင်း တည်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​သည် သင်​တို့​ကို လွမ်း​သ​ကဲ့​သို့ သင်​တို့​သည် ငါ​တို့​ကို​လွမ်း၍၊ အ​စဉ်​မ​ပြတ် ကောင်း​မွန်​စွာ အောက်​မေ့​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သည်​ရှိ​သော်၊-


ညီ​အစ်​ကို​တို့၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် အ​လွန်​တိုး​ပွား၍၊ လူ​တိုင်း​အ​သီး​အ​သီး​တို့​သည် အ​ချင်း​ချင်း ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ၏။


ထို​သို့ ပ​ညတ်​ထား​ခြင်း၏ အ​ချုပ်​အ​ခြာ​မူ​ကား၊ စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​ခြင်း​နှင့်​လည်း​ကောင်း၊ မှန်​သော ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ စပ်​ဆိုင်​သော ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​သ​တည်း။-


ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-


အ​ခြား​သော​အ​မှု​အ​ရာ​ထက်​မ​က၊ အ​ချင်း​ချင်း​အား​ကြီး​သော​ချစ်​ခြင်း​မေ​တ္တာ​ရှိ​ကြ​လော့။ ချစ်​ခြင်း​မေ​တ္တာ​သည် များ​စွာ​သော အ​ပြစ်​တို့​ကို ဖုံး​အုပ်​တတ်၏။-


ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ