Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 16:12 - Judson Bible in Zawgyi Version

12 ငါ့​ညီ​အာ​ပေါ​လု၏ အ​ကြောင်း​မှာ၊ ညီ​အစ်​ကို​တို့​နှင့်​အ​တူ သင်​တို့ ဆီ​သို့​သွား​မည်​အ​ကြောင်း ငါ​သည် များ​စွာ ချော့​မော့၍ တောင်း​ပန်​သော်​လည်း၊ သူ​သည် ယ​ခု​တွင်​သွား​ခြင်း​ငှာ အ​လျှင်း​အ​လို​မ​ရှိ၊ နောက်​မှ အ​ဆင်​သင့်​လျှင် သွား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ငါ့​ညီ​အာပေါလု​နှင့်​ပတ်သက်၍ သူ​သည် ညီအစ်ကို​များ​နှင့်အတူ သင်​တို့​ထံသို့​လာ​ရန် သူ့​ကို လေးလေးနက်နက် ငါ​တိုက်တွန်း​ခဲ့​သော်လည်း သူ​သည် ယခု​လာ​ရန် ဆန္ဒ​အလျဉ်း​မ​ရှိ။ သို့သော် အခွင့်​သာ​သောအခါ သူ​လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ငါ့​ညီ​အာ​ပေါ​လု​နှင့်​ပတ်​သက်​၍​ပြော​ရ​မည်​ဆို လျှင် သူ​သည်​အ​ခြား​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ နှင့်​အ​တူ သင်​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန် အ​ထူး​ပင်​ငါ​အား​ပေး​တိုက်​တွန်း​ပါ​၏။ သို့​ရာ တွင်​ယ​ခု​အ​ချိန်​အ​ခါ​မ​သင့်​သေး​ဟု​သူ ယုံ​ကြည်​၏။ နောင်​အ​ခွင့်​ကောင်း​ကြုံ​သည့်​အ​ခါ လာ​ရောက်​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 16:12
12 ပူးပေါင်းရင်းမြစ်များ  

ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။


ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊-


သို့​သော်​လည်း၊ သိ​လ​သည် အ​လို​အ​လျောက် နေ​ရစ်၏။-


အာ​ပေါ​လု​အ​မည်​ရှိ​သော အာ​လေ​ဇ​န္ဒြိ​မြို့​သား၊ ယု​ဒ​လူ တစ်​ယောက်​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ၏။ ထို​သူ​သည် နှုတ်​သ​တ္တိ​နှင့် ပြည့်​စုံ၍ ကျမ်း​စာ၌ အား​ကြီး​သော​သူ​ဖြစ်၏။-


အာ​ပေါ​လု​သည် ကော​ရိ​န်သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊-


ပေါ​လု​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း တ​ရား​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း ဟော​ပြော​လျှင်၊ ဖေ​လဇ်​မင်း​သည် ကြောက်​လန့်​ခြင်း​သို့ ရောက်၍၊ ယ​ခု​သွား​ဦး​လော့။ နောက်​မှ​အ​ဆင်​သင့်​သော​အ​ခါ ငါ​ခေါ်​ဦး​မည်​ဟု ဆို၏။-


သင်​တို့​က၊ ငါ​သည် ပေါ​လု​တ​ပည့်​ဖြစ်၏။ ငါ​သည် အာ​ပေါ​လု​တ​ပည့်​ဖြစ်၏။ ငါ​သည် ကေ​ဖ​တ​ပည့်​ဖြစ်၏။ ငါ​သည် ခ​ရစ်​တော်​တ​ပည့်​ဖြစ်၏​ဟု အ​သီး​အ​သီး ပြော​ကြ​သော​ကြောင့် ငါ​ဆို​ရ၏။-


ပေါ​လု​ဖြစ်​စေ၊ အာ​ပေါ​လု​ဖြစ်​စေ၊ ကေ​ဖ​ဖြစ်​စေ၊ ဤ​လော​က​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ သေ​ခြင်း​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောက်​လာ​လ​တ္တံ့​သော အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော အ​ရာ​တို့​သည် သင်​တို့​အ​ဖို့ ဖြစ်​ကြ၏။-


ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။-


ကျမ်း​ဆ​ရာ​ဇေ​န​နှင့်​အာ​ပေါ​လု၌ အ​ဘယ်​အ​ရာ​မျှ​မ​လို​စေ​ခြင်း​ငှာ ကြိုး​စား၍​လမ်း၌​ပို့​လော့။-


ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ