Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 15:21 - Judson Bible in Zawgyi Version

21 သို့​ဖြစ်၍ လူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် တည်​သ​ကဲ့​သို့၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​တ​ရား​သည် လူ​အား​ဖြင့် တည်​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​သကဲ့သို့ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 လူ​တစ်​ယောက်​ကြောင့်​ကမ္ဘာ​ပေါ်​တွင်​သေ​ခြင်း တ​ရား​ဖြစ်​ပေါ်​လာ​သ​ကဲ့​သို့ လူ​တစ်​ယောက် ကြောင့်​ပင်​လျှင် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ခြင်း​တ​ရား​သည်​လည်း​ဖြစ်​ပေါ်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 15:21
4 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။-


အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။


လူ​အ​ပေါင်း​တို့​သည် အာ​ဒံ​အား​ဖြင့် သေ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ လူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ