Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 14:23 - Judson Bible in Zawgyi Version

23 ထို​ကြောင့် သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍ အ​ခြား​သော​ဘာ​သာ​ဖြင့် ဟော​ပြော​လျက် နေ​ကြ​စဉ်​တွင် မ​ယုံ​ကြည်​သော​သူ၊ မ​တတ်​သော​သူ​သည် ဝင်​လာ​လျှင်၊ သင်​တို့​ကို သူ​ရူး​ဖြစ်​ကြ​သည်​ဟု ပြော​မည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ထို့ကြောင့် အသင်းတော်​တစ်ခုလုံး​စုဝေး​လျက် အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​ကြ​စဉ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ​များ​၊ သို့မဟုတ် မ​ယုံကြည်​သူ​များ ဝင်လာ​လျှင် သင်​တို့​ရူးသွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 သို့​ဖြစ်​၍​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည်​စု ဝေး​လျက်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​ဆို​နေ​စဉ် သာ​မန်​လူ​အ​ချို့​သို့​မ​ဟုတ်​မ ယုံ​ကြည်​သူ​အ​ချို့​ရောက်​ရှိ​လာ​ခဲ့​သော်​သင်​တို့ အား​ရူး​သွပ်​သူ​များ​ဟု​ဆို​မည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 14:23
6 ပူးပေါင်းရင်းမြစ်များ  

စစ်​ကြော​ရ​သော အ​ချိန်​ရောက်​လေ​ပြီ။ အ​ပြစ်​ပေး​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး သိ​ရ​လိမ့်​မည်။ ပ​ရော​ဖက်​သည် အ​မိုက်​ဖြစ်၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ခံ​သော​သူ​သည် အ​ရူး​ဖြစ်၏။ သင်၌ အ​ပြစ်​ကြီး​သည်​အ​တိုင်း ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​ကို ခံ​ရ၏။


ထို​ကျွန် မ​ကြည့်​မ​မျှော်​သော​နေ့​ရက်၊ မ​ကြား​မ​သိ​သော​အ​ချိန်​နာ​ရီ၌ သ​ခင်​သည် ရောက်​လာ​လျှင်၊ ထို​ကျွန်​ကို ပြင်း​စွာ ဆုံး​မ​ကွပ်​မျက်၍ သ​စ္စာ​မ​ရှိ​သော​သူ​တို့​နှင့်​တ​ကွ နေ​ရာ​ချ​လ​တ္တံ့။-


လူ​များ​တို့​က၊ သူ​သည် နတ်​ဆိုး​စွဲ၍​အ​ရူး​ဖြစ်၏။ သူ့​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​ထောင်​သ​နည်း​ဟု ဆို​ကြ၏။-


လူ​အ​ချို့​တို့​က၊ ဤ​သူ​တို့​သည် ချို​သော​စ​ပျစ်​ရည်​နှင့် ပြည့်​ဝ​သည်​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ၏။


ထို​သို့​ပေါ​လု​သည် အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လျှောက်​သော​အ​ခါ၊ ဖေ​တ္တု​မင်း​က၊ ပေါ​လု၊ သင်​သည် သူ​ရူး​ဖြစ်၏။ သိ​ပ္ပံ​အ​တတ်​များ​ကို​သင်၍ သူ​ရူး​အ​ဖြစ်​သို့​ရောက်​ခဲ့​ပြီ​ဟု ကြီး​သော အ​သံ​နှင့်​ဆို၏။-


ပ​ထ​မ အ​ကြောင်း​ဟူ​မူ​ကား၊ သင်​တို့​သည် အ​သင်း​တော်၌ စည်း​ဝေး​ကြ​သော​အ​ခါ၊ အ​ချင်း​ချင်း ကွဲ​ပြား​ခြင်း​ရှိ​သည်​ကို ငါ​ကြား​ရ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ