၁ ကောရိန်သု 12:25 - Judson Bible in Zawgyi Version25 ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှာ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်25 ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 သို့ဖြစ်၍ကိုယ်အင်္ဂါအစိတ်အပိုင်းအချင်း ချင်းစိတ်ဝမ်းကွဲပြားမှုမရှိဘဲ အချင်းချင်း ၏အကျိုးကိုပြုစုလျက်ရှိပေသည်။- အခန်းကိုကြည့်ပါ။ |
ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာဝမ်းမြောက်ခြင်း ရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်း အသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်း ချမ်းသာကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတ္တံ့။-