Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 11:23 - Judson Bible in Zawgyi Version

23 အ​ကြောင်း​မူ​ကား၊ သင်​တို့၌ ငါ​အပ်​ပေး​သော အ​ရာ​ကို သ​ခင်​ဘု​ရား​ထံ၌ ငါ​ခံ​ရ​ပြီ။ ခံ​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ သ​ခင်​ယေ​ရှု​သည် ရန်​သူ​လက်​သို့ အပ်​နှံ​ခြင်း​ကို​ခံ​သော နေ့​ည​မှာ မုန့်​ကို​ယူ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 အကြောင်းမူကား သခင်​ဘုရား​ထံမှ ငါ​ခံယူ​ရရှိ​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​၏။ ထို​အရာ​မှာ သခင်​ယေရှု​သည် အပ်နှံ​ခြင်း​ခံရ​သော​ည​၌ မုန့်​ကို​ယူ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 11:23
17 ပူးပေါင်းရင်းမြစ်များ  

အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-


နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင် ကြက်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-


ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။


ခွက်​ဖ​လား​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ၊ ဤ​ခွက်​ကို​ယူ၍ အ​ချင်း​ချင်း​ဝေ​ကြ​လော့။-


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ မုန့်​ကို​ဖဲ့​ခြင်း​ငှာ စည်း​ဝေး​ကြ​သော​အ​ခါ၊ ပေါ​လု​သည် နက်​ဖြန်​နေ့၌ ထွက်​သွား​မည်​ဖြစ်၍၊ သန်း​ခေါင်​တိုင်​အောင် ဟော​ပြော​လျက် နေ​လေ၏။-


ငါ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ မင်္ဂ​လာ​ခွက်​ဖ​လား​မူ​ကား၊ ခ​ရစ်​တော်၏​အ​သွေး​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​မူ​ကား၊ ခ​ရစ်​တော်၏ ကိုယ်​ကို ဆက်​ဆံ​ခြင်း​ဖြစ်​သည် မ​ဟုတ်​လော။-


ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။-


လူ​နှင့်​မ​စပ်​ဆိုင်၊ လူ၏​အ​ခွင့်​မ​ရှိ​ဘဲ​လျက်၊ ယေ​ရှု​ခ​ရစ်၏​အ​ခွင့်​နှင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​ခွင့်​နှင့် လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​မှ​စ၍၊-


သင်​တို့​သည်​သွား၍ ဝင်​စား​သော​ပြည်၌ ကျင့်​စ​ရာ​ဖို့၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို သင်​တို့​အား ငါ​သွန်​သင်​ပြီ။


သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-


အ​ဘယ်​သို့​သော ပ​ညတ်​တို့​ကို သ​ခင်​ယေ​ရှု၏​အ​ခွင့်​တော်​နှင့် ငါ​တို့​သည် အပ်​ပေး​သည်​ကို သင်​တို့​သိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ