Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 1:1 - Judson Bible in Zawgyi Version

1 ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​သုဿင်​သည်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​အဖြစ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ငါ​ပေါလု​နှင့်​ငါ့​ညီ​သုဿင်​တို့​သည်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ သော​ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​သု​ဿင်​ထံ​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 1:1
28 ပူးပေါင်းရင်းမြစ်များ  

မိုး​လင်း​သော​အ​ခါ တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ၍၊-


သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။


တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊-


အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော နေ့​မ​ရောက်မီကာလတွင်၊ ပြုမူသွန်​သင်​တော်​မူသ​မျှ​တို့​ကို ထုတ်​ဖော်၍၊ အ​ထက်​ကျမ်း​စာ​ကို ငါ​စီ​ရင်​ရေး​ထား​ပါ​ပြီ။-


ထို​အ​ခါ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် တ​ရား​ဇ​ရပ်​မှူး သုဿင်​ကို​ယူ၍ တ​ရား​ပ​လ္လင်​ရှေ့​မှာ ရိုက်​ကြ၏။ ထို​အ​မှု​ကို​လည်း ဂါ​လျုန်​မင်း​သည် အ​မှု​မ​ထား​ဘဲ​နေ၏။


လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။


လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊-


မ​ကြာ​မ​မြင့်​မီ ဘု​ရား​သ​ခင်​အ​လို​တော်​အား​ဖြင့် အ​ဆင်​သင့်၍၊ သင်​တို့​ရှိ​ရာ​သို့ ငါ​လာ​ရ​သော​အ​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-


ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-


ငါ​သည် အ​ထက်​က ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို ညှဉ်း​ဆဲ​သော​ကြောင့်၊ အ​ညံ့​ဆုံး​သော တ​မန်​တော်​ဖြစ်၏။ တ​မန်​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ထိုက်။-


ငါ​တို့​သည် ဘု​ရား​သ​ခင့်​ထံ၌ အ​လုပ်​လုပ်​သော​သူ​ချင်း ဖြစ်​ကြ၏။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်၏ ကျောင်း​တော်​တိုက်​လည်း ဖြစ်​ကြ၏။-


ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊ ကော​ရိ​န်သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍၊ အ​ခါ​ယ​ပြည် အ​ရပ်​ရပ်​တို့၌​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-


ငါ​သည် အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​သည်​ကို ငါ​သ​ဘော​ရှိ၏။-


အ​ကယ်​စင်​စစ် သည်း​ခံ​ခြင်း​နှင့်​တ​ကွ နိ​မိတ်​လ​က္ခ​ဏာ အံ​ဖွယ်​သော​အ​မှု၊ ထူး​ဆန်း​သော တန်​ခိုး​များ​အား​ဖြင့် တ​မန်​တော်၏​လ​က္ခ​ဏာ​တို့​ကို သင်​တို့​တွင် ထင်​ရှား​စွာ​ပြ​ပြီ။-


ထို​သို့​ပြု​ကြ​သော်၊ ငါ​တို့​မျှော်​လ​င့်​သည်​အ​တိုင်း​ထက်​မ​က ပြု၍၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ရှေ့​ဦး​စွာ သ​ခင်​ဘု​ရား၌​လည်း​ကောင်း၊ ငါ​တို့၌​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ လှူ​ကြ၏။-


လူ​နှင့်​မ​စပ်​ဆိုင်၊ လူ၏​အ​ခွင့်​မ​ရှိ​ဘဲ​လျက်၊ ယေ​ရှု​ခ​ရစ်၏​အ​ခွင့်​နှင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​ခွင့်​နှင့် လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​မှ​စ၍၊-


ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ဧ​ဖက်​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​သူ​တို့​ကို ကြား​လိုက်​ပါ၏။-


ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊-


ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​သည်၊-


ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်​နှင့်၊ ငါ​တို့​မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ဖြစ်​သော ယေ​ရှု​ခ​ရစ်၏ ပ​ညတ်​တော်​အား​ဖြင့်၊ ထို​သ​ခင်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊-


ငါ​သည် ထို​သက်​သေ​ခံ​သော​သူ အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော် အ​ရာ၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် သ​မ္မာ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​သော​ဆ​ရာ အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​သည်​ဟု ငါ​ဆို​သော်၊ မု​သား​စ​ကား​ကို​မ​ဆို၊ မှန်​သော​စ​ကား​ကို​ဆို၏။


ယေ​ရှု​ခ​ရစ်၌​တည်​သော အ​သက်​ကို​ပေး​မည်​ဟု က​တိ​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ငါ့​ချစ်​သား​တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ