Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 9:19 - Judson Bible in Zawgyi Version

19 ကော​ရ​သိ အ​ဆွေ​အ​မျိုး၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ ကော​ရ​တို့​မှ ဆင်း​သက်​သော ရှ​လ္လုံ​နှင့်​မိ​မိ​ညီ​တို့​သည် အ​မှု​တော်​စောင့်​ရာ​တွင် တဲ​တော်​တံ​ခါး​စောင့် ဖြစ်​ကြ၏။ အ​ဘ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိုလ်​ခြေ​တပ်​ချ​ရာ​တွင် တဲ​တော်​ဦး​စောင့် ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ကောရေ​၏​မြစ်​၊ ဧဗျာသပ်​၏​မြေး​၊ ကောရ​၏​သား ရှလ္လုံ​နှင့် သူ​၏​ဘိုးဘေး​အိမ်ထောင်စု​မှ ဆွေမျိုးသားချင်း​ဖြစ်​သော ကောရ​အမျိုး​တို့​သည် တဲ​တော်​တံခါး စောင့်ကြပ်​သော​အမှု​ကို ထမ်းဆောင်​ရ​သူ​များ ဖြစ်​၏​။ သူ​တို့​၏​ဘိုးဘေး​များ​သည်​လည်း ထာဝရဘုရား​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ဝင်ပေါက်​ကို စောင့်ကြပ်​ခဲ့​ရ​သူ​များ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 9:19
16 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​က​လည်း၊ ဗိ​မာန်​တော်​ထဲ​မှာ​မ​သေ​စေ​နှင့်၊ တပ်​ပြင်​သို့​ထုတ်​ကြ။ သူ့​ဘက်​မှာ​နေ​သော​သူ​ကို ဓား​နှင့်​သတ်​ကြ​ဟု လူ​တစ်​ရာ​အုပ်၊ တပ်​မှူး​တို့​ကို မှာ​ထား​နှင့်​သည်​အ​တိုင်း၊


ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း လူ​တစ်​ရာ​အုပ်​တို့​သည်​ပြု၍၊ ဥ​ပုသ်​နေ့၌​ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ​အ​သီး​အ​သီး​တို့​ကို ခေါ်၍ ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​ထံ​သို့ ရောက်​သော​အ​ခါ၊


ငွေ​များ​သည်​ကို​သိ​မြင်​လျှင်၊ ရှင်​ဘု​ရင်၏​စာ​ရေး​တော်​ကြီး​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​လာ၍ ဗိ​မာန်​တော်၌​စု​သော​ငွေ​ကို ထုတ်​ထား​လျက် စာ​ရင်း​ယူ၏။


ရှ​လ္လုံ​သည် ရှင်​ဘု​ရင်​ဝင်​သော အ​ရှေ့​တံ​ခါး​တွင် တံ​ခါး​မှူး​ဖြစ်၏။ ဤ​သူ​တို့​သည် လေ​ဝိ​သား​အ​ပေါင်း​အ​သင်း၌​ပါ​သော တံ​ခါး​စောင့်​ပေ​တည်း။


ရှေး​ကာ​လ ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​သည် ထို​သူ​တို့​ကို​အုပ်​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ၏။


သ​မင်​ဒ​ရယ်​သည် ရေ​စီး​သော​ချောင်း​ကို တောင့်​တ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ​သည်​ဘု​ရား။


အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။


လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ ခပ်​သိမ်း​သော လော​က​သား၊


တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။


ဗိ​မာန်​တော်​အ​တွင်း၊ တံ​ခါး​စောင့်​ရှ​လ္လုံ​သား မာ​သေ​ယ၏​အ​ခန်း​အ​ပေါ်၊ မှူး​တော်​မတ်​တော် စည်း​ဝေး​ရာ​အ​ခန်း​နား​မှာ ဘု​ရား​သ​ခင်၏​လူ ဣ​ဂ​ဒါ​လိ​သား ဟာ​နန်၏​သား​တို့​နေ​သော​အ​ခန်း​ထဲ​သို့ ဆောင်​သွား​ပြီး​လျှင်၊


ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ