၁ ရာဇဝင်ချုပ် 5:26 - Judson Bible in Zawgyi Version26 သို့ဖြစ်၍ ဣသရေလအမျိုး၏ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့် ရှင်ဘုရင်တိဂလတ်ပိလေသာစိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင်နေရာချထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်26 ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version26 သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်နှင့် မှူးမတ်တို့ပေးလိုက်သောစာကို စာပို့လုလင်တို့သည်ယူ၍၊ အမိန့်တော်အတိုင်း ဣသရေလပြည်နှင့် ယုဒပြည်တစ်လျှောက်လုံးသို့ ပြေးကြ၏။ စာ၌ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင် ထာဝရဘုရားထံသို့ ပြန်လာကြလော့။ အာရှုရိရှင်ဘုရင်တို့လက်မှလွတ်၍၊ ကျန်ကြွင်းသေးသောသူတို့ရှိရာသို့ ပြန်လာတော်မူမည်။