Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 4:17 - Judson Bible in Zawgyi Version

17 ဧ​ဇ​ရ​သား​ကား ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်​တည်း။ မေ​ရက်​နှင့်​စုံ​ဖက်​သော ဖာ​ရော​သ​မီး ဗိ​သ​ယာ​သည် မိ​ရိ၊ ရှ​မ္မဲ၊ ဧ​ရှ​တ​မော​အ​ဘ ဣ​ရှ​ဘ​ကို ဖွား​မြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဧဇရာ​၏​သား​များ​မှာ ယေသာ​၊ မေရက်​၊ ဧဖေရ​၊ ယာလုန် တို့​ဖြစ်​ကြ​၏​။ မေရက်​၏​မယား ဖာရော​၏​သမီး​ဗိသဟာ​သည် မိရိအံ​၊ ရှမ္မဲ​၊ ဧရှတမော​၏​ဖခင်​ဣရှဘ တို့​ကို​မွေးဖွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17-18 ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 4:17
7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​ကြီး​က၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ထိုက်​သည်​အ​တိုင်း ပေး၍ ငါ​ဝယ်​မည်။ သင့်​ဥ​စ္စာ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ငါ​မ​သိမ်း။ ကိုယ်​ငွေ​မ​ကုန်​ဘဲ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊


ယေ​ဟ​လ​လေ​လ​သား​ကား ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ၊ အာ​သ​ရေ​လ​တည်း။


မ​ယား​ယေ​ဟု​ဒိ​ယ​သည် ဂေ​ဒေါ်​အ​ဘ​ယေ​ရက်၊ စော​ခေါ​အ​ဘ ဟေ​ဗာ၊ ဇာ​နော်​အ​ဘ ယေ​ကု​သေ​လ​ကို ဖွား​မြင်၏။


ယေ​ဟု​ဒိ​ယ​သည် နာ​ဟံ​နှ​မ​ဖြစ်၏။ နာ​ဟံ​သည် ဂါ​မိ​ရွာ​သား ကိ​လ၊ မာ​ခ​မြို့​သား ဧ​ရှ​တ​မော၏​အ​ဘ ဖြစ်​သ​တည်း။


ပြေး၍​မှီ​ခို​ရာ ဟေ​ဗြုန်​မြို့​မှ​တစ်​ပါး၊ ယု​ဒ​ခ​ရိုင်​ထဲ​က လိ​ဗ​န​မြို့​နှင့် မြို့​နယ်၊ ယ​တ္တိ​ရ​မြို့​နှင့် မြို့​နယ်၊ ဧ​ရှ​တ​မော​မြို့​နှင့် မြို့​နယ်၊


အာ​နပ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ အာ​နိမ်​မြို့၊


အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ