၁ ရာဇဝင်ချုပ် 29:3 - Judson Bible in Zawgyi Version3 ငါ၏ဘုရားသခင် အိမ်တော်၌ ငါ့စိတ်နှလုံး စွဲလမ်းသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ငါသည်ဤသို့ပေးလှူခဲ့သည့်ပစ္စည်းအလုံးစုံ တို့အပြင် မိမိကိုယ်ပိုင်ရွှေနှင့်ငွေတို့ကိုလည်း ပေးလှူခဲ့၏။ အဘယ်ကြောင့်ဆိုသော်ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုလွန်စွာမြတ် နိုးသောကြောင့်ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။ |
ငါ၏ဘုရားသခင် အိမ်တော်အဖို့ ရွှေတန်ဆာလုပ်စရာဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာလုပ်စရာဖို့ ငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာလုပ်စရာဖို့ ကြေးဝါကိုလည်းကောင်း၊ သံတန်ဆာလုပ်စရာဖို့ သံကိုလည်းကောင်း၊ သစ်သားတန်ဆာလုပ်စရာဖို့ သစ်သားကိုလည်းကောင်း၊ ရှဟံကျောက်နှင့် အရောင်မျိုးထွက်၍ စီစရာဖို့ ကောင်းသောကျောက်၊ အဖိုးထိုက်သောကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကိုလည်းကောင်း၊ တတ်နိုင်သမျှအတိုင်း ငါပြင်ဆင်ပြီ။