Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 28:1 - Judson Bible in Zawgyi Version

1 တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 28:1
9 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​သည် သား​တော်​နှင့် ဝိုင်း​ရ​မည်​အ​ကြောင်း​မှာ​ထား​လေ​သည်​မှာ၊


ဣ​သ​ရေ​လ​မင်း ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​တော်​မူ၏။


တစ်​ဖန် ဒါ​ဝိဒ်​မင်း​ကြီး​က၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော ငါ့​သား​ရှော​လ​မုန်​သည် အ​သက်​ငယ်၍ နု​သေး၏။ အ​မှု​မူ​ကား ကြီး​လှ၏။ တည်​ဆောက်​ရ​သော ဗိ​မာန်​သည် လူ​အ​ဖို့​မ​ဟုတ်၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်၏။


အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊


လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ တ​ရား​သူ​ကြီး၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​နှင့် အ​ဆွေ​အ​မျိုး​သူ​ကြီး အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊


ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော​သူ​များ​နှင့်​တ​ကွ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​သည် အ​သက်​ကြီး​ရင့်၍ အို​မင်း​ပြီ။


တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ရှေ​ခင်​မြို့၌ စည်း​ဝေး​စေ၍၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ အ​ကဲ​အ​မှူး၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​သော သူ​တို့​ကို​ခေါ်​သ​ဖြင့်၊ သူ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ