Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 27:23 - Judson Bible in Zawgyi Version

23 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ တိုး​ပွား​များ​ပြား​စေ​တော်​မူ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​သက်​နှစ်​ဆယ်​မ​စေ့​သော သူ​တို့​ကို စာ​ရင်း​မ​ယူ​ဘဲ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

23 ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​မည်​ဟု မိန့်ဆို​ခဲ့​သောကြောင့် ဒါဝိဒ်​မင်းကြီး​က အသက်​နှစ်ဆယ်​နှင့်​အောက်​ရှိ​သူ​တို့​ကို စာရင်း​မ​သွင်း​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

23 ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​ပြည်​သား​တို့ အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား စေ​တော်​မူ​မည်​ဟု​က​တိ​တော်​ရှိ​သ​ဖြင့် ဒါ​ဝိဒ်​မင်း​သည်​အသက်​နှစ်​ဆယ်​အောက်​ရှိ သူ​တို့​အား​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ တော်​မ​မူ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 27:23
7 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​ကို​ပြင်​သို့ ထုတ်​ဆောင်​တော်​မူ၍၊ မိုး​ကောင်း​ကင်​ကို​မျှော်​ကြည့်​လော့။ ကြယ်​များ​ကို​ရေ​တွက်​နိုင်​လျှင် ရေ​တွက်​လော့။ သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။


သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။


နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။


ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​အ​ပေါင်း​ကို​စည်း​ဝေး​စေ​ပြီး​မှ၊ အ​ဆွေ​အ​မျိုး​စာ​ရင်း​ကို​ဖော်​ပြ၍ အ​နှစ်​နှစ်​ဆယ်​လွန်​သော​သူ​တို့၏ နာ​မည်​ပေါင်း​ကို​မှတ်​သ​ဖြင့်၊


သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ