Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 26:6 - Judson Bible in Zawgyi Version

6-7 သား​ဦး​ရှေ​မာ​ယ၏​သား ဩ​သ​နိ၊ ရေ​ဖေ​လ၊ ဩ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်​နှင့် ခွန်​အား​ကြီး​သော​ညီ ဧ​လိ​ဟု၊ သေ​မ​ခိ​တို့​သည် ခွန်​အား​ကြီး​သား​သူ​ရဲ၊ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ အ​စိုး​ရ​သော​သူ​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ဩဗဒေဒုံ​၏​သား​ဖြစ်​သော ရှေမာယ​၏​သား​များ​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​တွင် ခေါင်းဆောင်​များ​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6-7 သြ​ဗ​ဒေ​ဒုံ​၏​သား​ဦး​ရှေ​မာ​ယ​တွင်​စွမ်း​ရည် ကြီး​မား​သ​ဖြင့် မိ​မိ​တို့​ဆွေ​မျိုး​စု​၌​အ​ရေး ပါ​အ​ရာ​ရောက်​သည့်​သား​များ​ရှိ​လေ​သည်။ သူ တို့​၏​နာ​မည်​များ​မှာ​သြ​သ​နိ၊ ရေ​ဖေ​လ၊ သြ​ဗက်၊ ဧ​လာ​ဇာ​ဗဒ်၊ ဧ​လိ​ဟု​နှင့်​သေ​မ​ခိ ဟူ​၍​ဖြစ်​၏။ နောက်​ဆုံး​ဖော်​ပြ​သူ​နှစ်​ဦး​မှာ အ​ထူး​ပင်​အ​စွမ်း​အ​စ​ကောင်း​သူ​များ ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 26:6
10 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ အား​ယူ၍ ရဲ​ရင့်​ခြင်း​သ​တ္တိ ရှိ​ကြ​လော့။ သင်​တို့​အ​ရှင်​ရှော​လု သေ​ပြီ။ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိ​သိက်​ပေး​သ​ဖြင့် ငါ့​ကို​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ​ပြီ​ဟု မှာ​လိုက်​လေ၏။


ခွန်​အား​ကြီး​သော​သူ​ရဲ၊ လူ​ပျို​ဇာ​ဒုတ်​နှင့် သူ၏​အ​ဆွေ​အ​မျိုး တပ်​မှူး​နှစ်​ကျိပ်​နှစ်​ပါး၊


ဆ​ဋ္ဌ​မ​သား အ​မျေ​လ၊ သ​တ္တ​မ​သား ဣ​သ​ခါ၊ အ​ဋ္ဌ​မ​သား ပု​လ​သဲ​တည်း။ ဩ​ဗ​ဒေ​ဒုံ​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး​တော်​မူ၏။


အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​အောင် ခွန်​အား​ကြီး​သော ဩ​ဗ​ဒေ​ဒုံ​အ​မျိုး​သား​ချင်း ယောက်ျား​ပေါင်း​ကား ခြောက်​ကျိပ်​နှစ်​ယောက်​တည်း။


ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​သည် ရဲ​ရင့်​ခြင်း​သ​တ္တိ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ထမ်း ယဇ်​ပု​ရော​ဟိတ် ရှစ်​ကျိပ်​တို့​နှင့်​တ​ကွ၊ ရှင်​ဘု​ရင်​ဩ​ဇိ​နောက်​တော်​သို့​လိုက်၍၊


ခွန်​အား​ကြီး​သော​သူ​ရဲ အ​မျိုး​သား​ချင်း တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်​တည်း။ ဟ​ဂ​ဒေါ​လိမ်​သား ဇာ​ဗ​ဒေ​လ​သည် သူ​တို့​ကို​အုပ်​ရ၏။


ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။-


ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊-


ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကိုယ်​ထင်​ရှား၍၊ ခွန်​အား​ကြီး​သော အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏​ဟု​ဆို​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ