၁ ရာဇဝင်ချုပ် 26:32 - Judson Bible in Zawgyi Version32 ယေရိယ၏ပေါက်ဖော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုးသူကြီး နှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ်မင်းကြီးခန့်ထားသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ကိုအုပ်စိုး၍ ဘုရားသခင်၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်32 ယေရိယ၏ညီအစ်ကိုများတွင် ရဲစွမ်းသတ္တိရှိသူနှစ်ထောင့်ခုနစ်ရာရှိ၍ သူတို့သည် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးက သူတို့ကို ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို အုပ်ချုပ်စေပြီး ဘုရားသခင်၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်စေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version32 ဒါဝိဒ်မင်းသည်ယေရိယ၏ဆွေမျိုးများ ထဲမှ ထူးချွန်သူအိမ်ထောင်ဦးစီးနှစ်ထောင့် ခုနစ်ရာကိုရွေးချယ်၍ရုဗင်ပြည်၊ ဂဒ် ပြည်နှင့်မနာရှေအရှေ့ပိုင်းတို့တွင်ဘာသာ ရေးနှင့် မြို့ပြရေးရာအမှုကိစ္စမှန်သမျှ တို့ကိုစီမံအုပ်ချုပ်ရန်တာဝန်ပေးအပ် တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်အမှုတော်ကို စောင့်သော ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တစ်နှစ်တွင် တစ်ဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တစ်လစီတစ်လစီ အလှည့်လှည့်စောင့်ရသော တပ်သားအမှုထမ်း နှစ်သောင်းလေးထောင်စီ ရှိကြ၏။
ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရောဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏ အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ်သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း၊ အမှုထမ်းလုလင် လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။