၁ ရာဇဝင်ချုပ် 26:30 - Judson Bible in Zawgyi Version30 ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်30 ဟေဗြုန်အမျိုးဖြစ်သော ဟာရှဘိနှင့် ရဲစွမ်းသတ္တိရှိသော သူ့ညီအစ်ကိုတစ်ထောင့်ခုနစ်ရာတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဝန်းကျင်ရှိ အစ္စရေးလူမျိုးတို့ကို တာဝန်ယူအုပ်ချုပ်ရ၏။ သူတို့သည် ထာဝရဘုရား၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်ရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ဟေဗြုန်၏သားမြေးတို့အနက်ဟာရှဘိနှင့် သူ၏ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာ တို့သည် ယော်ဒန်မြစ်အနောက်ဘက်ရှိဣသရေလ အမျိုးသားတို့၏ဘာသာရေးနှင့်မြို့ပြရေး ရာအမှုကိစ္စမှန်သမျှကို စီမံအုပ်ချုပ်ရန် တာဝန်ယူရကြလေသည်။ သူတို့အားလုံး ပင်ထူးချွန်သူများဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရောဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏ အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ်သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း၊ အမှုထမ်းလုလင် လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။