Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 26:26 - Judson Bible in Zawgyi Version

26 ထို​ရှေ​လော​မိတ်​နှင့် သူ၏​ညီ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ဗိုလ်​မင်း​ပူ​ဇော်​သော ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို အုပ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ရှေလောမုတ်​နှင့် သူ့​ညီအစ်ကို​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သော ထောင်တပ်မှူး​၊ ရာ​တပ်မှူး​များ​၊ စစ်ဗိုလ်ချုပ်​များ ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​ဘဏ္ဍာတိုက်​အလုံးစုံ​ကို စောင့်ကြပ်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 26:26
13 ပူးပေါင်းရင်းမြစ်များ  

ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ အောင်​မြင်​သော​ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၌ သိမ်း​ယူ​သော ရွှေ​ငွေ​ကို​လည်း​ကောင်း၊


ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၊ အ​ပြည်​ပြည်​တို့​မှ​ဆောင်​ခဲ့​သော ရွှေ​ငွေ​ကို​လည်း​ပူ​ဇော်၏။


ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။


ဂေ​ရ​ရှုံ​ညီ​ဧ​လျေ​ဇာ၊ ဧ​လျေ​ဇာ​သား ရေ​ဟ​ဗိ၊ သူ၏​သား ယေ​ရှာ​ယ၊ သူ၏​သား ယော​ရံ၊ သူ၏​သား ဇိ​ခ​ရိ၊ သူ၏​သား ရှေ​လော​မိတ်​တည်း။


ထို​မင်း​တို့​သည် စစ်​တိုက်၍​ရ​သော​ဥ​စ္စာ​တို့​ကို မ​သိမ်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို​ပြု​စု​ခြင်း​ငှာ ပူ​ဇော်​တတ်​ကြ၏။


သင်း​ဖွဲ့​သော​ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့​ရှိ​ကြ၏။ လိ​မ္မာ​သော ဆ​ရာ​သ​မား အ​မျိုး​မျိုး​တို့​သည်​လည်း အ​ရာ​ရာ​တို့​ကို လုပ်​ဆောင်​စေ​ဖို့​ရှိ​ကြ၏။ မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ အ​ပေါင်း​တို့​သည်​လည်း သင့်​လက်၌​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။


လေ​ဝိ​သား​မူ​ကား၊ မေ​ရာ​ရိ အ​မျိုး​အ​နွယ်​ဖြစ်​သော ဟာ​ရှ​ဘိ၊ အာ​ဇ​ရိ​ကံ၊ ဟာ​ရှုပ်​တို့​မှ​ဆင်း​သက်​သော ရှေ​မာ​ရ​တစ်​ပါး၊


ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း၊ လေ​ဝိ​သား​များ​နှင့် ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဖွဲ့​မြဲ​ဖွဲ့​သော အ​သင်း​တို့​ကို မ​ဖျက်​သော​ကြောင့်၊ ဥ​ပုသ်​နေ့၌ ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ အ​သီး​အ​သီး​တို့​ကို ခေါ်​ထား​ကြ၏။


ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။


တံ​ခါး​စောင့်​အ​မျိုး​သား​တည်း​ဟူ​သော ရှ​လ္လုံ​အ​မျိုး​သား၊ အာ​တာ​အ​မျိုး​သား၊ တာ​လ​မုန်​အ​မျိုး​သား၊ အ​က္ကုပ်​အ​မျိုး​သား၊ ဟ​တိ​တ​အ​မျိုး​သား၊ ရှော​ဗဲ​အ​မျိုး​သား​ပေါင်း တစ်​ရာ​သုံး​ဆယ်​ကိုး​ယောက်​တည်း။


သီ​ချင်း​သည်​နှင့် တံ​ခါး​စောင့်​တို့​သည်​လည်း၊ ဒါ​ဝိဒ်​နှင့် သား​တော် ရှော​လ​မုန်​စီ​ရင်​သည်​အ​တိုင်း၊ သူ​တို့ ဘု​ရား​သ​ခင်​အ​မှု​နှင့် စင်​ကြယ်​ခြင်း​အ​မှု​ကို စောင့်​ရှောက်​လျက် နေ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ