၁ ရာဇဝင်ချုပ် 25:3 - Judson Bible in Zawgyi Version3 ယေဒုသုန်သား ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြချီးမွမ်းခြင်းငှာ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ယေဒုသုန်သားမြေးတွင် ယေဒုသုန်၏သား ဂေဒလိ၊ ဇေရိ၊ ယေရှာယ၊ ရှိမိ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်တို့သည် ဖခင်ယေဒုသုန်၏လက်အောက်တွင်နေရကြ၏။ သူတို့၏ဖခင်သည် စောင်းတီး၍ ထာဝရဘုရားကို ကျေးဇူးတင်ချီးမွမ်းကာ ပရောဖက်ပြုသောသူဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version3 ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။ အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာပူဇော်သကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကိုခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။