Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 25:1 - Judson Bible in Zawgyi Version

1 ထို​မှ​တစ်​ပါး အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​သား​တို့​နှင့်​အ​တူ​ဝိုင်း၍ စောင်း၊ တ​ယော၊ ခွက်​ကွင်း​ကို တီး​မှုတ်​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ ဒါ​ဝိဒ်​နှင့် ပ​ရိ​သတ်​ဗိုလ်​ခြေ အ​ကြီး​အ​ကဲ​တို့​သည် ခွဲ​ခန့်​သော​သူ​တို့ စာ​ရင်း​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဒါဝိဒ်​မင်းကြီး​နှင့် မင်းမှုထမ်း​အကြီးအကဲ​တို့​သည် အမှု​တော်​မြတ်​အတွက် စောင်းကောက်​၊ စောင်းပြား​၊ လင်းကွင်း တို့​ကို​တီးခတ်​၍ ပရောဖက်ပြု​နိုင်​ရန် အာသပ်​၊ ဟေမန်​၊ ယေဒုသုန်​တို့​၏​သား​များ​ထဲမှ​အချို့​ကို သီးသန့်​ခွဲထား​၏​။ ဤသို့​အမှု​တော်​ထမ်း​ရန် ခွဲထား​သူ​တို့​၏​အမည်​စာရင်း​မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဒါ​ဝိဒ်​နှင့်​လေဝိ​အ​နွယ်​ဝင်​ခေါင်း​ဆောင်​တို့ သည် ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​အ​မှု​၌​ဦး​ဆောင် ရန်​အာ​သပ်၊ ဟေ​မန်​နှင့်​ယေ​ဒု​သုန်​သား​ချင်း စု​တို့​ကို​ရွေး​ချယ်​ကြ​၏။ သူ​တို့​သည်​စောင်း သံ၊ လင်း​ကွင်း​သံ​များ​နှင့်​တွဲ​ဖက်​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​ဟော​ပြော​ကြ ရန်​ဖြစ်​၏။ ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ဦး​ဆောင်​ရန် ရွေး​ချယ်​ခြင်း​ခံ​သူ​များ​နှင့်​သူ​တို့​ထမ်း ဆောင်​ရ​မည့်​အ​လုပ်​တာ​ဝန်​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 25:1
46 ပူးပေါင်းရင်းမြစ်များ  

ထို​အာ​လ​ဂုံ​သစ်​သား​ဖြင့် ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ပွတ်​လုံး​တန်း​နှင့် နန်း​တော်​ပွတ်​လုံး​တန်း​ကို​လည်း​ကောင်း၊ သီ​ချင်း​ဆို​သော​သူ​တို့ စောင်း​နှင့်​တ​ယော​တို့​ကို​လည်း​ကောင်း လုပ်​လေ၏။ ထို​သို့​သော အာ​လ​ဂုံ​သစ်​သား​သည် နောက်​တစ်​ဖန်​မ​ရောက်၊ ယ​နေ့​တိုင်​အောင် မ​ပေါ်​လာ။


စောင်း​သ​မား​ကို​ခေါ်​ခဲ့​ဟု ဆို၍ စောင်း​သ​မား​သည်​တီး​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ဧ​လိ​ရှဲ​အ​ပေါ်​သို့ ရောက်၍၊


ခွန်​အား​ကြီး​သော​သူ​ရဲ၊ လူ​ပျို​ဇာ​ဒုတ်​နှင့် သူ၏​အ​ဆွေ​အ​မျိုး တပ်​မှူး​နှစ်​ကျိပ်​နှစ်​ပါး၊


ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သီ​ချင်း​ဆို​လျက် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း၊ တံ​ပိုး​တို့​ကို​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။


ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ နှဲ​ခ​ရာ၊ တံ​ပိုး၊ ခွက်​ကွင်း၊ တ​ယော၊ စောင်း​တို့​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။


ဣ​သ​ရေ​လ​မင်း ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​တော်​မူ၏။


အာ​သပ်​သား ဇ​က္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ၊ အာ​ရှ​ရေ​လ​တစ်​စု၊ သူ​တို့​သည် ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ အ​ဘ​အာ​သပ်၌ တ​ပည့်​ဖြစ်၍ ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။


ယေ​ဒု​သုန်​သား ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မ​တ္တိ​သိ ပေါင်း​ခြောက်​ယောက်၊ သူ​တို့​သည် အ​ဘ​ယေ​ဒု​သုန်၌ တ​ပည့်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​ငှာ စောင်း​တီး​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။


ပ​ထ​မ​သူ​ကား၊ အာ​သပ်​အ​ပေါင်း​အ​သင်း​ဝင်​သူ ယော​သပ်​တည်း။ ဒု​တိ​ယ​သူ ဂေ​ဒ​လိ၊ သူ​နှင့်​သူ၏​သား ညီ​ပေါင်း​ကား တစ်​ကျိပ်​နှစ်​ယောက်​တည်း။


လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တို့​တွင်၊


ထို​အ​မှု​တော်​ကို စောင့်​သော​သူ​တို့​နှင့် သား​စဉ်​မြေး​ဆက် ဟူ​မူ​ကား၊ ဣ​သ​ရေ​လ၊ လေ​ဝိ၊ ကော​ဟတ်၊ ဣ​ဇ​ဟာ၊ ကော​ရ၊ ဧ​ဗျာ​သပ်၊ အဿိ​ရ၊ တာ​ဟတ်၊ ဇေ​ဖ​နိ၊ အာ​ဇ​ရိ၊ ယော​လ၊ ဧ​လ​ကာ​န၊ အ​မာ​သဲ၊ မာ​ဟတ်၊ ဧ​လ​ကာ​န၊ ဇော​ဖဲ၊ တော​အာ၊ ဧ​လျာ​ဘ၊ ယေ​ရော​ဟံ၊ ဧ​လ​ကာ​န၊ ရှ​မွေ​လ၊ ယော​လ​တို့​မှ ဆင်း​သက်​သော ကော​ဟတ်​အ​မျိုး၊ သီ​ချင်း​သည် ဟေ​မန်​တစ်​ပါး၊


လေ​ဝိ၊ ဂေ​ရ​ရှုံ၊ ယာ​ဟတ်၊ ရှိ​မိ၊ ဇိ​မ္မ၊ ဧ​သန်၊ အ​ဒါ​ယ၊ ဇေ​ရ၊ ဧ​သ​နိ၊ မာ​လ​ခိ၊ ဗာ​သေ​ယ၊ မိ​က္ခေ​လ၊ ရှိ​မာ၊ ဗေ​ရ​ခိ​တို့​မှ ဆင်း​သက်​သော အာ​သပ်၊ ဟေ​မန် လက်​ယာ​ဘက်​မှာ နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော် အာ​သပ်​တစ်​ပါး၊


လေ​ဝိ၊ မေ​ရာ​ရိ၊ မု​ရှိ၊ မ​ဟာ​လိ၊ ရှ​မေ​ရ၊ ဗာ​နိ၊ အံ​ဇိ၊ ဟိ​လ​ခိ၊ အာ​မ​ဇိ၊ ဟာ​ရှ​ဗိ၊ မ​လ္လုတ်၊ အာ​ဖ​ဒိ၊ ကိ​ရှိ​တို့​မှ​ဆင်း​သက်​သော ဧ​သန်​တစ်​ပါး​မှ​စ၍ လက်​ဝဲ​ဘက်​မှာ​နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော်၊ မေ​ရာ​ရိ​အ​မျိုး​သား​များ​တည်း။


သီ​ချင်း​ဆို​သော​သူ လေ​ဝိ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​သည် မိ​မိ​တို့​အ​မှု​ကို နေ့​ည​မ​ပြတ်​စောင့်​ရ​သော​ကြောင့်၊ အိမ်​တော်​အ​ခန်း၌​နေ၍ အ​ခြား​သော​အ​မှု​နှင့် လွတ်​ကြ၏။


ခု​နစ်​နှစ်​မြောက်​သော​အ​ခါ၊ ယော​ယ​ဒ​သည် ကိုယ်​ကို​ခိုင်​ခံ့​စေ၍ တပ်​မှူး​များ၊ ယေ​ရော​ဟံ​သား အာ​ဇ​ရိ၊ ယော​ဟ​နန်​သား ဣ​ရှ​မေ​လ၊ ဩ​ဗက်​သား အာ​ဇ​ရိ၊ အ​ဒါ​ယ​သား မာ​သေ​ယ၊ ဇိ​ခ​ရိ​သား ဧ​လိ​ရှ​ဖတ်​တို့​နှင့် သင်း​ဖွဲ့​လေ၏။


ရှင်​ဘု​ရင်​သည် ဗိ​မာန်​တော်​ဝင်​ဝ၊ တိုင်​နား​မှာ​ရပ်​လျက်၊ မှူး​တော်​မတ်​တော်​များ​နှင့် တံ​ပိုး​မှုတ်​သော​သူ​များ​တို့​သည် ရှင်​ဘု​ရင်​အ​နား​တော်၌ ရပ်​လျက်၊ ပြည်​သူ​ပြည်​သား​များ​တို့​သည် ဝမ်း​မြောက်၍၊ တံ​ပိုး​မှုတ်​လျက် သီ​ချင်း​သည်​တို့​သည် တူ​ရိ​ယာ​အ​မျိုး​မျိုး​ကို ကိုင်၍၊ ထော​မ​နာ​သီ​ချင်း​ကို ဆို​လျက်​ရှိ​ကြ​သည်​ကို မြင်​လျှင်၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ပုန်​ကုန်​မှု​ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား​ဟု အော်​ဟစ်​လေ၏။


မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။


ဗိ​မာန်​တော်၌​ရှိ​သော ဒါ​ဝိဒ်​မင်း​ကြီး၏ လှံ​များ​နှင့်​ဒိုင်း​လွှား​များ​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ထုတ်၍၊ လူ​တစ်​ရာ​အုပ်​တို့​အား အပ်​လေ၏။


ဧ​လိ​ဇ​ဖန်​အ​မျိုး​သား ရှိ​မ​ရိ​နှင့် ယေ​ယေ​လ၊ အာ​သပ်​အ​မျိုး​သား ဇာ​ခ​ရိ​နှင့် မ​တ္တ​နိ၊


ဟေ​မန်​အ​မျိုး​သား ယေ​ဟေ​လ​နှင့် ရှိ​မိ၊ ယေ​ဒု​သုန်​အ​မျိုး​သား ရှေ​မာ​ယ​နှင့် ဩ​ဇေ​လ​တို့​သည်၊


ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။


လုပ်​ဆောင်​သူ​တို့​သည် သ​စ္စာ​စောင့်​ကြ၏။ လေ​ဝိ​အ​မျိုး၊ မေ​ရာ​ရိ​အ​နွယ်၊ ယာ​ဟတ်​နှင့် ဩ​ဗ​ဒိ၊ ကော​ဟတ်​အ​နွယ်၊ ဇာ​ခ​ရိ​နှင့် မေ​ရှု​လံ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​ကို တီး​မှုတ်​လျက်၊ သီ​ချင်း​ဆို​တတ်​သော လေ​ဝိ​သား​အ​ပေါင်း​တို့​သည် ကြည့်​ရှု​နှိုး​ဆော်​ကြ၏။


ဒါ​ဝိဒ်​နှင့် ရှင်​ဘု​ရင်၏​ပ​ရော​ဖက် အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​တို့ စီ​ရင်​သည်​အ​တိုင်း၊ အာ​သပ်​အ​မျိုး​သား သီ​ချင်း​သည်​တို့​သည် မိ​မိ​တို့​နေ​ရာ၌ ရှိ​ကြ၏။ တံ​ခါး​စောင့်​တို့​သည် မိ​မိ​တို့​အ​မှု​ကို​မ​ရှောင်၊ တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ကြ၏။ သူ​တို့​ညီ​အစ်​ကို လေ​ဝိ​သား​တို့​သည် သူ​တို့​အ​ဖို့ ပြင်​ဆင်​ကြ၏။


သီ​ချင်း​ဆို​သော လေ​ဝိ​သား​အာ​သပ်​တ​ပည့်၊ ဟေ​မန်​တ​ပည့်၊ ယေ​ဒု​သုန်​တ​ပည့်​အ​ပေါင်း​တို့​သည် အ​မျိုး​သား​ချင်း​များ​နှင့်​တ​ကွ ပိတ်​ဖြူ​ကို ဝတ်​ဆင်၍၊ ခွက်​ကွင်း​စောင်း​တ​ယော​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်၌ ရပ်​နေ​ကြ၏။ တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် တစ်​ရာ​နှစ်​ဆယ်​တို့​သည်​လည်း၊


ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။


သီ​ချင်း​သည် အာ​သပ်​အ​မျိုး​သား တစ်​ရာ​နှစ်​ဆယ်​ရှစ်​ယောက်၊


မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။


အာ​သပ်၊ ဇာ​ဗ​ဒိ၊ မိ​က္ခာ​တို့​မှ ဆင်း​သက်​သော မဿ​နိ​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း​နှင့် ဆု​တောင်း​ခြင်း​အ​မှု​မှာ အ​ကြီး​လုပ်​သော​သူ ဖြစ်၏။ ဗာ​က​ဗု​ကိ​သည် အ​ပေါင်း​အ​ဖော်​တို့​တွင် ဒု​တိ​ယ​သူ​ဖြစ်၏။ ထို​မှ​တစ်​ပါး၊ ယေ​ဒု​သုန်၊ ဂ​လာ​လ၊ ရှ​မွာ​တို့​မှ ဆင်း​သက်​သော ဩ​ဗ​ဒိ​ရှိ၏။


လေ​ဝိ​သား​အ​ကြီး​အ​ကဲ၊ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကပ်​မျေ​လ​သား ယော​ရှု​တို့​သည် ညီ​အစ်​ကို​များ​နှင့် ဝိုင်း၍ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​အ​မှု​ကို အ​လှည့်​လှည့် စောင့်​ရ​ကြ၏။


ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ၊ ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့်​တီး​မှုတ်​လျက် သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ အ​နု​မော​ဒ​နာ​ပြု​အံ့​သော​ငှာ လေ​ဝိ​သား​တို့​ကို​ရှာ၍ သူ​တို့​နေ​ရာ အ​ရပ်​ရပ်​တို့​က ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ကြ၏။


တူ​ရိ​ယာ​မျိုး​ကို ဆောင်​ကြ။ ပတ်​သာ​ကို​လည်း​ကောင်း၊ သာ​ယာ​သော​စောင်း​နှင့် တ​ယော​ကို​လည်း​ကောင်း ယူ​ခဲ့​ကြ။


လ​ဆန်း​နေ့၊ လ​ပြည့်​နေ့၊ ပွဲ​သ​ဘင်​နေ့၌ တံ​ပိုး​မှုတ်​ကြ။


အ​တွင်း​တံ​ခါး​ပြင်​မှာ အ​တွင်း​တံ​တိုင်း၌ အ​ခန်း​နှစ်​ခု​ကို ငါ​မြင်၏။ တစ်​ခန်း​ကား၊ မြောက်​တံ​ခါး​အ​နား​မှာ​ရှိ၍ တောင်​ဘက်​သို့ မျက်​နှာ​ပြု၏။ တစ်​ခန်း​ကား၊ တောင်​တံ​ခါး​အ​နား​မှာ​ရှိ၍ မြောက်​ဘက်​သို့​မျက်​နှာ​ပြု၏။


ထို​နောက်​မှ ဖိ​လိ​တ္တိ​တပ်​ရှိ​ရာ ဘု​ရား​သ​ခင်၏​တောင်​သို့​ရောက်၍ မြို့​သို့​ချဉ်း​ကပ်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​သည် တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စောင်း​ပါ​လျက် ပ​ရော​ဖက်​ပြု​လျက်၊ မြင့်​သော​အ​ရပ်​မှ ဆင်း​လာ​ကြ​သည်​ကို တွေ့​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ