၁ ရာဇဝင်ချုပ် 24:6 - Judson Bible in Zawgyi Version6 လေဝိအမျိုး နာသနေလသား စာရေးတော်ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုးသူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 လေဝိအမျိုး နာသနေလ၏သားစာရေးတော်ရှေမာယသည် သူတို့ကို ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိမလက်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများရှေ့မှောက်တွင် စာရင်းသွင်းရေးမှတ်၏။ ဧလာဇာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦး၊ ဣသမာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦးကို ရွေးကောက်ပြီးလျှင် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |