Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 23:6 - Judson Bible in Zawgyi Version

6 လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် လေဝိ​၏​သား​များ​ရှိ​သည့်​အတိုင်း ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ ဟူ၍ အဖွဲ့​ခွဲ​ထား​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 23:6
18 ပူးပေါင်းရင်းမြစ်များ  

ဂေ​ရ​ရှုံ​အ​မျိုး​သား​ကား၊ လာ​ဒန်​နှင့် ရှိ​မိ​တည်း။


အာ​ရုန်​အ​မျိုး​သား အ​သီး​အ​ခြား​သင်း​ဖွဲ့​ရာ​မှာ၊ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ တည်း။


အ​သီး​အ​သီး​သင်း​ဖွဲ့​သော တံ​ခါး​စောင့်​များ​ဟူ​မူ​ကား။ ကော​ရ​ဟိ​အ​မျိုး ဧ​ဗျာ​သပ်​အ​နွယ်၊ ကော​ရ​သား မေ​ရှ​လေ​မိ၊


ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။


လေ​ဝိ​သား​ကား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။


လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တို့​တွင်၊


မော​ရှေ​ပ​ည​တ္တိ​ကျမ်း၌​ပါ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း၊ ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဗိ​မာန်​တော်၌ ဒါ​ဝိဒ်​ခွဲ​ထား​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​သည် ဗိ​မာန်​တော်​မှု​များ​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယော​ယ​ဒ​စီ​ရင်​လေ၏။


ဒါ​ဝိဒ်​မင်း​ကြီး​နှင့် သူ၏​ပ​ရော​ဖက်​ဂဒ်၊ ပ​ရော​ဖက်​နာ​သန်​တို့ စီ​ရင်​သည်​အ​တိုင်း ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့် တီး​မှုတ်​သော​လေ​ဝိ​သား​တို့​ကို၊ ဗိ​မာန်​တော်၌ ခန့်​ထား​တော်​မူ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အား​ဖြင့် စီ​ရင်​တော်​မူ​သ​တည်း။


ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။


ထို​သို့ ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း၊ ဝတ်​ပြု​စ​ရာ​ပြင်​ဆင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​နေ​ရာ၌​ရပ်၍၊ လေ​ဝိ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ကြ၏။


ဣ​သ​ရေ​လ ရှင်​ဘု​ရင်​ဒါ​ဝိဒ်​မှတ်​စာ၊ သား​တော်​ရှော​လ​မုန်​မှတ်​စာ​နှင့်​အ​ညီ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​ဆွေ​အ​မျိုး​အ​လိုက် ကိုယ်​ကို​ပြင်​ဆင်၍၊


ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။


မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။


လေ​ဝိ​သား​တို့၏​နာ​မည်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။


ဤ​သူ​တို့​ကား၊ အ​ဘ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး၍ အ​ရာ၌​ခန့်​ထား​သော အာ​ရုန်၏​သား​ဖြစ်​ကြ​သ​တည်း။


အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​နှင့်​ဆိုင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ စောင့်​ရှောက်​ရ​သော​အ​မှု​ဟူ​မူ​ကား၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ