Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 22:14 - Judson Bible in Zawgyi Version

14 ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ရွှေ​တာလန်​တစ်သိန်း​၊ ငွေ​တာလန်​တစ်သန်း​၊ မ​ချိန်တွယ်​နိုင်​လောက်အောင် များပြား​လှ​သော​ကြေးနီ​၊ သံ​၊ သစ်​၊ ကျောက်​များ​ကို အပင်ပန်းခံ​ပြီး ငါ​ပြင်ဆင်​ပေး​ခဲ့​ပြီ​။ သင်​သည်​လည်း ထပ်ဖြည့်​နိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 22:14
10 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ထံ​သို့ တစ်​နှစ်​တစ်​နှစ်​လျှင် ရောက်​သော​ရွှေ​အ​ချိန်​ကား အ​ခွက်​ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​ပိဿာ​ဖြစ်​သ​တည်း။


ထို​တန်​ဆာ​တို့​သည် အ​လွန်​များ​သော​ကြောင့်၊ ရှော​လ​မုန်​သည် မ​ချိန်​ဘဲ​သွန်း​ထား၏။ ကြေး​ဝါ​အ​ချိန်​ကို အ​ဘယ်​သူ​မျှ​မ​သိ။


ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​လုပ်​သော တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ အ​ခြေ​အ​မြစ်​များ၌​ပါ​သော ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။


ထို​မှ​တစ်​ပါး သင်၌​များ​စွာ​သော လက်​သ​မား၊ ပန်း​ရန်​သ​မား၊ ကျောက်​ဆစ်​သ​မား၊ အ​မျိုး​မျိုး​သော​အ​တတ်၌ လေ့​ကျက်​သော ဆ​ရာ​သ​မား​ရှိ​ကြ၏။


တံ​ခါး​လုပ်​စ​ရာ သံ​ချွန်​အ​ဖို့​နှင့် သစ်​သား​ဆက်​စ​ရာ​အ​ဖို့ များ​စွာ​သော သံ​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​ကို​လည်း​ကောင်း၊


ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ရွှေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ကြေး​ဝါ​ကို​လည်း​ကောင်း၊ သံ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သံ​ကို​လည်း​ကောင်း၊ သစ်​သား​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သစ်​သား​ကို​လည်း​ကောင်း၊ ရှ​ဟံ​ကျောက်​နှင့် အ​ရောင်​မျိုး​ထွက်၍ စီ​စ​ရာ​ဖို့ ကောင်း​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်​မျိုး၊ များ​စွာ​သော ကျောက်​ဖြူ​တို့​ကို​လည်း​ကောင်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ငါ​ပြင်​ဆင်​ပြီ။


ဗိ​မာန်​တော်၌ ရှော​လ​မုန်​မင်း​ကြီး လုပ်​သော​တိုင်​နှစ်​တိုင်၊ ရေ​ကန်​တစ်​ခု၊ ရေ​ကန်​ခံ​စ​ရာ အ​ခြေ​အ​မြစ် ကြေး​ဝါ​နွား တစ်​ဆယ်​နှစ်​ခု၌​ပါ​သော​ကြေး​ဝါ​သည် အ​ချိန်​အား​ဖြင့် အ​တိုင်း​မ​သိ​များ၏။


ငွေ​အင်​တုံ​အ​ချိန်​ကား တစ်​လုံး​လျှင် တစ်​ပိဿာ​သုံး​ဆယ်​စီ၊ ငွေ​ဖ​လား​အ​ချိန်​ကား တစ်​လုံး​လျှင် ခု​နစ်​ဆယ်​စီ​ရှိ၍၊ ငွေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​လိုက်၊ အ​ခွက်​နှစ်​ဆယ်​လေး​ပိဿာ ရှိ​သ​တည်း။


ထို​အ​သင်း​တော်​တို့​သည် ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် များ​စွာ​သော စုံ​စမ်း​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​လွန်​ကြီး​သော ဝမ်း​မြောက်​ခြင်း​နှင့်၊ ဥ​စ္စာ​ပြုန်း​တီး​သော ဆင်း​ရဲ​ခြင်း​အ​ကြောင်း​သည်၊ သူ​တို့၏ စွန့်​ကြဲ​ပေး​ကမ်း​ခြင်း စည်း​စိမ်​ကို ဖြစ်​စေ၍ ကြွယ်​ဝ​ပြည့်​စုံ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ