Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 21:18 - Judson Bible in Zawgyi Version

18 ထို​အ​ခါ ဒါ​ဝိဒ်​သည် သွား၍၊ ယေ​ဗု​သိ​လူ အ​ရော​န၏ ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​စေ​ခြင်း​ငှာ ပြော​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဂဒ်​ကို​မှာ​ထား​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​က ဂဒ်​အား ဒါဝိဒ်​မင်းကြီး​ထံ​သွား​လော့​။ ယေဗုသိ​လူမျိုး​ဩရနန်​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​ပါ​ဟု သူ့​အား ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 21:18
7 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊


ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊


ယေ​ရု​ရှ​လင်​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန် ဖျက်​ဆီး​မည်​ဟု အား​ထုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကြည့်​ရှု​လျက်၊ ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏ ကောက်​နယ်​တ​လင်း​အ​နား​မှာ​ရပ်​နေ၏။


ဂဒ်​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။


သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊


ယေ​ရု​ရှ​လင်​မြို့​တွင်၊ မော​ရိ​တောင်​ပေါ်​မှာ ခ​မည်း​တော်​ဒါ​ဝိဒ်​အား ထာ​ဝ​ရ​ဘု​ရား ထင်​ရှား​တော်​မူ​ရာ​အ​ရပ်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း​ကို ဒါ​ဝိဒ်​ပြင်​ဆင်​ခဲ့​ပြီး​သော​အ​ရပ်၌ ရှော​လ​မုန်​သည် နန်း​စံ​လေး​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ