Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 20:4 - Judson Bible in Zawgyi Version

4 နောက်​တစ်​ဖန် ဂေ​ဇာ​မြို့​မှ ဖိ​လိ​တ္တိ​လူ​တို့​နှင့် စစ်​တိုက်​ကြ​စဉ်၊ ဟု​ရှ​သိ​လူ​သိ​ဗေ​ခဲ​သည် ရေ​ဖိမ်​အ​မျိုး သာ​ဖ​ကို​သတ်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို အောင်​မြင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ထို့နောက်တွင် ဂေဇာ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ဖြစ်​ရာ ဟုရှသိ​လူမျိုး​သိဗေခဲ​သည် ရေဖိမ်​အနွယ်ဝင်​သိပ္ပဲ​ကို သတ်လိုက်​သဖြင့် ဖိလိတ္တိ​လူမျိုး​တို့ ရှုံးနိမ့်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ထို​နောက်​တစ်​ဖန်​ဂေဇာ​မြို့​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​နှင့်​စစ်​ဖြစ်​ပြန်​၏။ ဤ တိုက်​ပွဲ​တွင်​ဟု​ရှ​သိ​မြို့​မှ​သိ​ဗေ​ခဲ​သည် သာ​ဖ​ဆို​သူ​ကြီး​မား​သော​စစ်​သူ​ရဲ​ကြီး ကို​လုပ်​ကြံ​လိုက်​သ​ဖြင့် ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 20:4
9 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊


နောက်​တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​စစ်​တိုက်၍၊ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​သည် ဆီး​ကြို၍ တိုက်​လှန်​ကြ​စဉ်၊ ဒါ​ဝိဒ်​သည် မော​ပန်း​လျက်​နေ​လေ၏။


ရေ​ဖိမ်​အ​မျိုး ဣ​ရှ​ဗိ​ဗေ​နုပ်​သည် အ​ချိန်​သုံး​ပိဿာ​ရှိ​သော ကြေး​ဝါ​လှံ​ကို​ကိုင်၍၊ အ​သစ်​သော စစ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ဒါ​ဝိဒ်​ကို သတ်​မည်​ဟု​ကြံ​လေ၏။


ဟု​ရှ​သိ​အ​မျိုး သိ​ဗေ​ကဲ၊ အ​ဟော​ဟိ​အ​မျိုး ဣ​လဲ၊


ဒါ​ဝိဒ်​သည်​ပြု၍ ဖိ​လိ​တ္တိ​လူ​တို့​ကို ဂိ​ဗောင်​မြို့​မှ​သည် ဂါ​ဇေ​ရ​မြို့​တိုင်​အောင် လုပ်​ကြံ​လေ၏။


အ​ဋ္ဌ​မ​လ​တွင် အ​ဋ္ဌ​မ​ဗိုလ်​မင်း​ကား ဇာ​ရ​အ​မျိုး၊ ဟု​သိ​ရှ​အ​နွယ်​ဖြစ်​သော သိ​ဗေ​ကဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။


ဧ​ဂ​လုန်​မင်း​ကြီး​တစ်​ပါး၊ ဂေ​ဇာ​မင်း​ကြီး​တစ်​ပါး၊


အ​နောက်​မျက်​နှာ၌ ယာ​ဖ​လေ​တိ​မြို့​သို့​လည်း​ကောင်း၊ အောက်​ဗက်​ဟော​ရုန်​မြို့​သို့​လည်း​ကောင်း၊ ဂေ​ဇာ​မြို့​သို့​လည်း​ကောင်း ရောက်၍ ပင်​လယ်၌​ဆုံး​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ