၁ ရာဇဝင်ချုပ် 2:17 - Judson Bible in Zawgyi Version17 အဘိဂဲလသားကား အာမသ၊ အာမသအဘကား ဣရှမေလအမျိုး ယေသာတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 အဘိဂဲလသည် အာမသကို မွေးဖွား၏။ အာမသ၏ဖခင်မှာ ဣရှမေလလူမျိုး ယေသာ ဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 သူ၏အခြားသမီးအဘိဂဲလသည် ဣရှမေလ မှဆင်းသက်လာသူယေသာနှင့်အိမ်ထောင်ပြု၏။ သူတို့မှာအာမသနာမည်တွင်သောသားတစ် ယောက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါး နေရ၏သားအာဗနာ၊ ယေသာ၏သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကိုသတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကိုသွန်းလောင်းသဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော်၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စားသောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထားလေ၏။