Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 19:2 - Judson Bible in Zawgyi Version

2 ဒါ​ဝိဒ်​က​လည်း၊ ဟာ​နုန်​အ​ဘ နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​ပြု​သော​ကြောင့်၊ သူ၏​သား၌ ကျေး​ဇူး​ပြု​မည်​ဟု​ဆို​လျက်၊ သူ၏​အ​ဘ​သေ​ရာ​တွင် နှစ်​သိမ့်​စေ​ခြင်း​ငှာ သံ​တ​မန်​တို့​ကို​စေ​လွှတ်၍၊ ဒါ​ဝိဒ်၏​ကျွန်​တို့​သည် ဟာ​နုန်​မင်း​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ သူ​ရှိ​ရာ​အ​မ္မုန်​ပြည်​သို့ ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ဒါဝိဒ်​မင်းကြီး​က​လည်း “​ဟာနုန်​၏​ခမည်းတော် နာဟတ်​မင်းကြီး​သည် ငါ့​အား မေတ္တာပြ​ခဲ့​ဖူး​သည်​ဖြစ်၍ ငါ​သည်​လည်း ယခု နာဟတ်​သား​ဟာနုန်​အား မေတ္တာကရုဏာ​ပြ​ရ​မည်​”​ဟု တွေး​လျက် ဒါဝိဒ်​မင်းကြီး​သည် ဟာနုန်​၏​ခမည်းတော်​အနိစ္စရောက်​သည်​ကို အကြောင်းပြု​၍ သူ့​ကို​နှစ်သိမ့်ပေး​ဖို့ မိမိ​အမှုထမ်း​တို့​ကို စေလွှတ်​လိုက်​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် ဟာနုန်​မင်းကြီး​ကို နှစ်သိမ့်​ဖို့ အမ္မုန်​အမျိုးသား​တို့​၏​ပြည်​သို့​ရောက်​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဒါ​ဝိဒ်​က``ဟာ​နုန်​၏​အ​ဖ​နာ​ဟတ်​သည်​သစ္စာ ရှိ​သော​မိတ်​ဆွေ​ဖြစ်​ကြောင်း ငါ့​အား​ပြ​သ​ခဲ့ သည့်​နည်း​တူ​ငါ​သည်​လည်း​ဟာနုန်​အား​ပြ​သ ရ​ပေ​မည်'' ဟု​ဆို​လျက်​သူ​၏​ထံ​သို့​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို​စေ​တ​မန်​များ နှင့်​ပေး​ပို့​တော်​မူ​လိုက်​၏။ ထို​သူ​တို့​အမ္မုန်​ပြည်​သို့​ရောက်​ရှိ​ကြ​သော အ​ခါ ဟာ​နုန်​မင်း​၏​ရှေ့​သို့​ဝင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 19:2
14 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊


ဒါ​ဝိဒ်​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ဘ ယော​န​သန်​အ​တွက် ငါ​သည်​သင်၌ ဆက်​ဆက်​ကျေး​ဇူး​ပြု​မည်။ သင့်​အ​ဖို့ ရှော​လု​ပိုင်​သ​မျှ​သော​မြေ​ကို ငါ​ပြန်​ပေး​မည်။ သင်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ စား​ရ​မည်​ဟု​ဆို​သော်၊


ဧ​လိ​ရှဲ​က၊ သင်​သည်​ငါ​တို့​အ​ဖို့ ဤ​မျှ​လောက်​လုပ်​ကြွေး​ပြု​စု​သည်​အ​တွက်၊ သင့်​အ​ဖို့​အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ သင့်​အ​ဖို့ ရှင်​ဘု​ရင်​ထံ၊ ဗိုလ်​ချုပ်​မင်း​ထံ၌ ငါ​ပြော​ရ​မည်​လော​ဟု ဂေ​ဟာ​ဇိ​မေး​မည်​အ​ကြောင်း စီ​ရင်​သော်၊ မိန်း​မ​က၊ ကျွန်​မ​သည် ကိုယ်​အ​ဆွေ​အ​မျိုး​တို့​တွင် နေ​ပါ​ဦး​မည်​ဟု ပြန်​ပြော၏။


ထို​နောက် အ​မ္မုန်​ရှင်​ဘု​ရင်​နာ​ဟတ်​သည်​သေ၍၊ သား​တော်​ဟာ​နုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။


အ​မ္မုန်​အ​မျိုး မှူး​မတ်​တို့​သည် ဟာ​နုန်​မင်း​ထံ​သို့​ဝင်၍၊ ဒါ​ဝိဒ်​သည် စိတ်​တော်​ကို နှစ်​သိမ့်​စေ​သော​သူ​တို့​ကို စေ​လွှတ်​ရာ​တွင်၊ ခ​မည်း​တော်​ကို ရို​သေ​စွာ​ပြု​သည်​ဟု ထင်​မှတ်​တော်​မူ​သ​လော။ ပြည်​တော်​ကို စစ်​ဆေး​စူး​စမ်း၍ ဖျက်​ဆီး​ခြင်း​ငှာ​သာ၊ သူ၏​ကျွန်​တို့​သည် အ​ထံ​တော်​သို့ ရောက်​သည်​မ​ဟုတ်​လော​ဟု လျှောက်​ကြ​လျှင်၊


ထို​နေ့​ရက်​ကာ​လ၌ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လူ​များ​ရှေ့​မှာ ဖတ်​ရွတ်​သော​အ​ခါ၊ အ​မ္မုန်​အ​မျိုး​သား​နှင့် မော​ဘ​အ​မျိုး​သား​သည် ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​တော်​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့် အ​စဉ်​မ​ရှိ​ဟု တွေ့​ကြ၏။


သူ့​အ​နား​မှာ​ရှိ​သော အ​မ္မုန်​အ​မျိုး​သား တော​ဘိ​က​လည်း၊ သူ​တို့​တည်​သော ကျောက်​ရိုး​ကို တော​ခွေး​ထိ​ခိုက်​လျှင် ပြို​လဲ​လိမ့်​မည်​ဟု ပြန်​ပြော၏။


ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊


ရှင်​ဘု​ရင်​က၊ ထို​အ​ကြံ​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​အား အ​ဘယ်​ဆု အ​ဘယ်​အ​ရာ​ကို ပေး​ပြီ​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က၊ အ​ဘယ်​ဆု​ကို​မျှ ပေး​တော်​မ​မူ​ပါ​သေး​ဟု ပြန်​လျှောက်​ကြ၏။


ထို​မြို့၌​နေ​သော ဆင်း​ရဲ​သား​ပ​ညာ​ရှိ​တစ်​ယောက်​သည် မိ​မိ​ပ​ညာ​အား​ဖြင့် ထို​မြို့​ကို​ကယ်​တင်၏။ သို့​သော်​လည်း၊ ထို​ဆင်း​ရဲ​သား​ကို အ​ဘယ်​သူ​မျှ​မ​အောက်​မေ့။


မာ​သ​နှင့် မာ​ရိ​တို့၏​မောင်​သေ​သော​ကြောင့်၊ သူ​တို့​ကို နှစ်​သိမ့်​စေ​လို​သော​ငှာ ယု​ဒ​လူ​များ​တို့​သည် လာ​ကြ၏။-


ဒါ​ဝိဒ်​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ လက်​ရ​ဥ​စ္စာ​အ​ချို့​ကို မိ​မိ​အ​ဆွေ​ခင်​ပွန်း၊ ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ထံ​သို့ ပေး​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ရန်​သူ​လက်​မှ​ရ​ခဲ့​သော ဥ​စ္စာ​ထဲ​က သင်​တို့​အ​ဖို့​လက်​ဆောင်​ကို ကြည့်​လော့​ဟု​မှာ​လိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ