၁ ရာဇဝင်ချုပ် 17:11 - Judson Bible in Zawgyi Version11 သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာသို့သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတစ်ယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 သင်သည် သက်တမ်းစေ့နေပြီးမှ ဘိုးဘေးတို့ရှိရာသို့ရောက်သွားလျှင် သင့်ရင်သွေးဖြစ်သော သင့်သားတစ်ဦးကို ငါချီးမြှောက်မည်။ သူ့နိုင်ငံကိုလည်း ငါတည်မြဲစေမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်းပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏အရိုက်အရာကိုခံရ၍၊ ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကိုတည်ဆောက်လေပြီ။