၁ ရာဇဝင်ချုပ် 17:1 - Judson Bible in Zawgyi Version1 ဒါဝိဒ်မင်းသည် နန်းတော်၌ ငြိမ်ဝပ်စွာနေရသောအခါ၊ ပရောဖက်နာသန်ကိုခေါ်၍ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်၌ စံမြန်းနေစဉ် ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်လည်းကောင်း ဖြစ်သတည်း။