၁ ရာဇဝင်ချုပ် 16:26 - Judson Bible in Zawgyi Version26 တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်26 အကယ်စင်စစ် လူမျိုးတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုမျှသာ ဖြစ်၏။ ထာဝရဘုရားမူကား ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version26 အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကိုလည်းကောင်း၊ မြေကြီးကို ကျော်နင်းသော သူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊