Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 16:24 - Judson Bible in Zawgyi Version

24 ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ဘုန်းအသရေ​တော်​အကြောင်း​ကို လူမျိုးခြား​တို့​အား​လည်းကောင်း​၊ အံ့ဖွယ်​သော​အမှု​တော်​တို့​ကို လူမျိုး​အပေါင်း​တို့​အား​လည်းကောင်း ပြောကြား​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 16:24
9 ပူးပေါင်းရင်းမြစ်များ  

အို​အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည်​သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။


မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍၊ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။


မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​သည် သ​တိ​ရ၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​လိမ့်​မည်။ လူ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုး​ကွယ်​ကြ​လိမ့်​မည်။


အံ​ဩ​ဖွယ်​သော အ​မှု​တော်​အ​လုံး​စုံ​တို့​ကို ကြား​ပြော​ခြင်း​ငှာ၊ အ​ကျွန်ုပ်​သည် ကိုယ်​လက်​ကို အ​ပြစ်​ကင်း​ခြင်း​နှင့်​ဆေး၍၊ ယဇ်​ပ​လ္လင်​တော်​ကို ဝန်း​ရံ​လျက်​နေ​ပါ​သည်၊ ထာ​ဝ​ရ​ဘု​ရား။


ထို​သူ​တို့​တွင် အ​လံ​ကို ငါ​ထူ​မည်။ ဘေး​လွတ်​သော သူ​တို့​ကို တာ​ရှု​ပြည်၊ ဖု​လ​ပြည်၊ လေး​လက်​နက်​ကို သုံး​တတ်​သော လု​ဒ​ပြည်၊ တု​ဗ​လ​ပြည်၊ ယာ​ဝန်​ပြည်​မှ​စ၍၊ ငါ၏​နာ​မ​ကို​မ​ကြား၊ ငါ၏​ဘုန်း​ကို မ​မြင်၊ ဝေး​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သို့ စေ​လွှတ်​သ​ဖြင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​ဘုန်း​ကို ဟော​ပြော​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ